လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC ) မှာ စွဲချက်တင်ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက်နေ့က မနီလာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရ က ပြောကြားခဲ့ပါတယ်။
သူ သမ္မတတာဝန်ထမ်းဆောင်ချိန်က မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက်ဆိုပြီး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အမှုကြောင့် (ICC) ရဲ့ အမိန့်နဲ့ ဟောင်ကောင်က ပြန်ရောက်ချိန်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ရုံးချုပ်က ထုတ်ပြန်ကြေညာပါတယ်။
သမ္မတဟောင်း ဒူတာတေးဟာ ဖိလစ်ပိုင် တောင်ပိုင်း ဒါဗောင်းမြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကနေ သမ္မတ ဖြစ်နေချိန် ၂၀၁၉ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း လူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် ရဲမှတ်တမ်း အချက်အလက်တွေ က ဖော်ပြခဲ့ပါတယ်။
သမ္မတဟောင်း ဒူတာတေး ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ခဲ့တာသာဖြစ်ပြီး ICC က ဖမ်းဝရမ်းထုတ်ခဲ့ရင် အဖမ်းခံဖို့အသင့်ရှိတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
#မြန်မာ #ဧရာဝတီ #ICC #ဖိလစ်ပိုင် #သမ္မတဟောင်း #ဒူတာတေး #မူးယစ်ဆေးဝါးတိုက်ဖျက်ရေး #လူ့အခွင့်အရေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR