ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာရှိတဲ့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို အာဏာသိမ်း စစ်ကောင်စီက မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောပါတယ်။
ပေါင် ၂၅၀ ဗုံး ၄ လုံးကို ဂျက်ဖိုက်တာနဲ့ ကြဲချ တိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့ ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် သံဃာတော် ၆ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦးဒဏ်ရရရှိခဲ့ကြောင်း သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံးစထိမှန် သေဆုံးသူ ၉ ဦးထဲမှာ ရဟန်း ၂ ပါး၊ ကိုရင် ၄ ပါး အပါအဝင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ကြောင်း သိရပြီး ကျောင်းဆောင် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ရာ ရထားသူ ၁၇ ဦးထဲမှာလည်း သံဃာတော် ၁၄ ပါးနဲ့ ပြည်သူ ၄ ဦး ပါဝင်ပြီး တချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ဒဏ်ရာရရှိသူထဲက ကိုရင်တပါးက ကုသမှုခံယူနေစဉ် ထပ်မံ ပျံလွန်တော်မူခဲ့တယ်လို့သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy