ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ ၉၆ ဘီလီယံ တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို AA ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း (ခေါ်) ကျော်စိုးလင်း နဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့အပါအဝင် “ဝ”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပန်ဆန်းမြို့ မှာ နေထိုင်တဲ့ ကိုတင်မောင်ဝင်း တို့ရဲ့ အစီအမံနဲ့ ရောင်းဝယ်နေတာ ဖြစ်တယ်လို့လည်း ဆိုထားတာပါ။
စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို UWSA နဲ့ AA တို့က ငြင်းဆိုလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #AA #UWSA #မူးယစ်ဆေး #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy