စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခေါ်ယူရာမှာ အဂတိနဲ့ ငွေကြေးမသမာမှုတွေရှိနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုလိုက်ပါတယ်။
မတ်လ ၂၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောတပ်နယ်က တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ဝန်ခံပြောဆိုလိုက်တာပါ။
တကယ့်လက်တွေ့မှာလည်း စစ်မှုထမ်းစာရင်းမှာ မပါဝင်ရေးအတွက် ရပ်ကျေးဥက္ကဌတွေထံ လစဉ် ငွေကြေးတစုံတရာပေးရတာ၊ စစ်မှုထမ်းစာရင်းမှာမဲပေါက်တဲ့သူတွေအနေနဲ့လည်း လူစားထိုးဖို့ အတွက် ငွေကြေးပေးရတာတွေလည်း ရှိနေတာပါ။
လူစားထိုးဖို့အစီအစဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကစီစဉ်ပေးပြီး ငွေကြေးရယူတာရှိတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ကအုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီကို ဝန်ခံပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #အဂတိ #ဒုတိယစစ်ခေါင်းဆောင် #ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR