ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရတာကြောင့် လွတ်လပ်သောအာရှအသံ (RFA) သတင်းဌာနဟာလည်း ရပ်နားခံလိုက်ရတဲ့အထဲ တခုပါဝင်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ စတင်ကာ မြန်မာဌာနအပါအဝင် သတင်းဌာန ၉ ခု နဲ့ဖွဲ့စည်းထားတဲ့ RFA သတင်းဌာနဟာ အခုဆိုရင် သတင်းတွေကိုတင်ဆက်လာခဲ့တာ ၂၉ နှစ် ကျော်ရှိလာခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ RFA မြန်မာပိုင်း သတင်းဌာနအနေနဲ့ သတင်းတွေကို အကန့်အသတ်နဲ့ ဆက်လက် တင်ဆက်နေဆဲဖြစ်ပြီး ပြန်လည်ရပ်တည်နိုင်ရေးအတွက် ဥပဒေအရ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
RFA သတင်းဌာန ရပ်နားလိုက်ရတဲ့အကြောင်း၊ ပြန်လည်ရပ်တည်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA ရဲ့ အငြိမ်းစား သတင်းတင်ဆက်သူ ဦးတင်အောင်ခိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy