မန္တလေးမြို့တော် အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်း အပါအဝင် စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တွေမှာ သေဆုံး၊ ပျက်စီးမှုတွေများပြားခဲ့ရပါတယ်။
အင်အား ၇ ဒဿမ ၇ ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ အထဲမှာ မန္တလေးမြို့ပေါ်က ရွှေဘုန်းရှိန်ဗလီလည်း ပါဝင်ခဲ့ပါတယ်။ သောကြာနေ့ ဝတ်ပြုချိန် ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂၀ ထက်သေဆုံးနိုင်ပြီး ပိတ်မိနေသူတွေလည်း ရှိတယ်လို့ လွတ်မြောက်လာသူကပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုပျက်မှုထဲမှာ ပါဝင်သွားပြီး အသက်မသေဘဲ ပြန်လည်လွတ်မြောက်လာတဲ့ အစ္စလာမ်ဘာသာဝင်တဦးကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။
ငလျင်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတဝန်းက ဗလီအဆောက်အဦ ၄၀ ခန့်ပြိုကျ ပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် ၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
#မြန်မာ #ဧရာဝတီ #အစ္စလာမ် #ဗလီ #ငလျင် #Earthquake
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR