စစ်ခေါင်းဆောင်အနေနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် နိုင်ငံတကာအနေနဲ့အကူအညီတွေ ပေးဖို့ တောင်းဆိုထားပြီး၊ နိုင်ငံတကာအနေနဲ့လည်း အကူအညီတွေ ပေးမယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ၂၀၀၈ နာဂစ်မုန်တိုင်းသင့် ကာလတုန်းကလို ပြည်သူတွေဆီ တိုက်ရိုက်ပေးခွင့်မပြုဘဲ စစ်တပ်က ဂိုဒေါင်တွေထဲ သိမ်းယူထားပြီး မှောင်ခိုစျေးကွက်တွေမှာ ရောင်းချတာ၊ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေကို စစ်တပ်နဲ့ ကြံ့ခိုင်ရေးက လှူသလိုအသုံးပြုမဲဆွယ်တာနဲ့ သဘာဝဘေးဒဏ် ထိတဲ့ ပြည်သူတွေ ထိထိရောက်ရောက် ခံစားခွင့် မရရှိတာတွေ ဖြစ်မှာစိုးရိမ်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊
ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လူနေအဆောက်အဦတွေ၊ ရှေးဟောင်းသမိုင်းဝင် ဘုရားတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ထိခိုက်၊ ပြိုကျ၊ ပျက်စီးမှုတွေ ပြင်းထန်ခဲ့ပါတယ်။
လက်ရှိမှာတော့ မြေပြင်က ပရဟိတအသင်းတွေ၊ အရပ်ဘက် လူမှုကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ ကူညီကယ်ဆယ်မှုတွေလုပ်နေပေမယ့် ထိခိုက်ပျက်စီးမှုတွေ ပြင်းထန်တာကြောင့် အခက်အခဲတွေ များစွာရှိနေပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ထိရောက်တဲ့ ကူညီမှုတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ ပရဟိတအသင်းတွေက ထောက်ပြနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #စစ်တပ် #နိုင်ငံတကာ #အကူအညီ #MyanmarEarthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy