အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ် ၈၀ ပြည့် တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ပါတီနိုင်ငံရေးလမ်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးဖို့ ပြောဆိုခဲ့ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်တဲ့ ခွန်းဘီထူး ကတော့ ဘယ်လက်နက်ကိုင် တော်လှန်ရေးတပ်ကမှ စစ်ခေါင်းဆောင် ပြောတဲ့ လမ်းကို ရွေးကြမှာ မဟုတ်ဘဲ KNDF ကိုယ်တိုင်ကလည်း လူထုကို သစ္စာဖောက်တဲ့ လမ်းကို ရွေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒီအကြောင်းအရာ အပါအဝင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ထွက်ပေါက်ကြိုးပမ်းမှုနဲ့ KNDF ရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ က ခွန်းဘီထူး နဲ့ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ခွန်းဘီထူး #ရွေးကောက်ပွဲ #စစ်ကောင်စီ #PDF #KNDF #IEC #WhatHappensMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR