ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ အမြန်ဆုံး ဆုတ်ခွာပေးဖို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ကို တရုတ်က အတင်းအကျပ် ဖိအားပေးနေတယ်လို့ MNDAA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
လက်ရှိ လားရှိုးမြို့ကို အုပ်ချုပ်နေတဲ့ MNDAA အနေနဲ့ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်က ဆုတ်ခွာရမယ်လို့ တရုတ် က ရာဇသံပေးထားတယ်ဆိုပေမယ့် မဆုတ်ခွာ ပေးရင် ဘာဖြစ်မလဲ ဆိုတာကိုတော့ ထုတ်ပြောတာမရှိပါဘူး။
လက်ရှိ လားရှိုးမြို့ပေါ်က MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ရုတ်တရက် တွေ့လာရတယ်လို့မြို့ခံသတင်း ရင်းမြစ်တွေက ပြောသလို MNDAA ရဲ့ သတင်းရင်းမြစ်တွေဘက်ကလည်း အတည်ပြုထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကိုးကန့် #လားရှိုး #၁၀၂၇စစ်ဆင်ရေး #ရမခ #MNDAA #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR