ငလျင်ဒဏ်ကြောင့် ယာယီတဲတွေနဲ့ ခိုလှုံနေကြရတဲ့ မန္တလေးဒေသခံတွေဟာ မိုးရွာလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်မှာ အင်ဂျင်နီယာတွေက ပြိုကျနိုင်တယ်လို့ သတိပေးထားတဲ့ အဆောက်အအုံတွေကို စစ်ကောင်စီက ပြန်တက်နေခိုင်းလို့ အိမ်ရှင်တွေ အကြပ်တွေ့နေကြရပါတယ်။
မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်း အတွင်းက ငလျင်ဒဏ်ထိ ဒေသတွေမှာ ပြည်သူတွေဟာ ဘောလုံးကွင်း၊ လမ်းဘေးနဲ့ ကွင်းပြင်တွေမှာ ယာယီတဲတွေနဲ့ ခိုလှုံနေကြပြီး ငလျင်ထပ်လှုပ်မှာ အပြင် လေပြင်းတိုက်ခိုက်မှာနဲ့ မိုးရွာမှာကို စိုးရိမ်နေကြရပါတယ်။
အဲဒီဒေသတွေမှာ နေထိုင်၊ စားသောက်ရေး အတွက် ပြည်သူတွေကပဲ အချင်းချင်း ကူညီလှူဒါန်းနေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေကြရသူတွေနဲ့ အကူအညီပေးနေကြတဲ့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။ နေရာ အများစုမှာ အကူအညီတွေလိုအပ်နေကြပေမယ့် စစ်ကောင်စီရဲ့ အကူအညီတွေကတော့ ဧပြီလ ၇ ရက်နေ့မွန်းလွဲပိုင်းထိ ရောက်မလာသေးဘူးလို့ ပြောကြပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #ပုသိမ်ကြီး #အမရပူရ #WhathappensInMyanmar #MyanmarEarthquake