ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၆၈ ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖလမ်းမြို့တမြို့လုံးကို ဧပြီလ ၇ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) က ထိန်းချုပ် နိုင်ခဲ့ပြီလို့ သိရပါတယ်။
ဖလမ်းမြို့ကို သိမ်းပိုက်ရရှိဖို့ ၂၀၂၄ နိုဝင်ဘာလက စတင်ကာ ဝိုင်းပတ်ပိတ်ဆို့ပြီးရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ထားတာပါ။ စစ်ကောင်စီကတော့ ခလရ ၂၆၈ နဲ့ ဖလမ်းမြို့မကျဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုံခံကာကွယ်ခဲ့တဲ့အတွက် ဖလမ်းမြို့သိမ်းတိုက်ပွဲကအချိန်ကြာပြီး ခက်ခဲခဲ့တယ်လို့ မြေပြင် အခြေအနေသိရှိသူ တွေကပြောပြပါတယ်။
#မြန်မာ #ဧရာဝတီ #ဖလမ်းမြို့ #ချင်းပြည်နယ် #ချင်းညီနောင်အဖွဲ့ #ခလရ၂၆၈
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR