ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ်အနောက်ခြမ်းက ယင်းဘော်မျိုးနွယ်စုတွေရဲ့ ကမ်းခွမ့်လို့ ခေါ်တဲ့ ရိုးရာတံခွန်တိုင်ပွဲကို ဧပြီလ ၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ရိုးရာတံခွန်တိုင်ပွဲကို ယင်းဘော်မျိုးနွယ်စုတွေ အများစုနေထိုင်ကြတဲ့ ကျေးရွာ ၄ ရွာကို ဖိတ်ကြားပါတယ်။ အမျိုးသားတွေက တံခွန်တိုင်ထူပြီး ရိုးရာအကတွေနဲ့ ပူဇော်ကြတာဖြစ်ပါတယ်။
ရိုးရာတံခွန်တိုင်ကွင်းအဝင်မှာ အမျိုးသမီးတွေက ရေဖြန်းပက်တာ ၊ ဆန်ပက်တာတွေနဲ့ ကြိုဆိုကြပေမယ့် ရိုးရာဓလေ့အရ ကွင်းထဲကို အမျိုးသမီးတွေ ဝင်ခွင့်မရပါဘူး။
ကရင်နီပြည်က တံခွန်တိုင်ကိုးကွယ်မှုမှာ ငှက်တော် (ဒါမှမဟုတ်) ငှက်ဘုရင် ပူဇော်မှုနဲ့ ကြက်မင်း ပူဇော်မှု နှစ်မျိုးရှိတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။
တံခွန်တိုင်ရိုးရာပွဲကို တနှစ်တကြိမ်ကျင်းပလေ့ရှိပြီး လာမယ့်နှစ်အတွင်း မိုးလေဝသ အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ ရပ်ရွာအခြေအနေတွေကို ကြက်ဖို၊ ကြက်မတွေရဲ့ အရိုးတွေကို စူးထိုးပြီး လူမျိုးစု ဘာသာရေးဆရာတွေက ခန့်မှန်းသုံးသပ်ကြတာပါ။
#မြန်မာ #ဧရာဝတီ #ရိုးရာတံခွန်တိုင်ပွဲ #ဒီးမော့ဆို #ယင်းဘော်မျိုးနွယ်စု #ကမ်းခွမ့်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR