ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ၁ သိန်း ၈ သောင်းဟာ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေဖြစ်ပြီး ပြန်လက်ခံရေး ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဆိုလိုက်ပါတယ်။
ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဘင်းစတက်စ် အစည်းအဝေး လာတက်ရောက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ရိုဟင်ဂျာအရေး ကြီးမှူးဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တာဝန်ပေးထားတဲ့ ဒေါက်တာခါလီလာရာမာန် တို့ ၂ ဦး သီးသန့် ဆွေးနွေးခဲ့ကြတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ၈ သိန်းရဲ့ စာရင်းတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာထံကို ပေးပို့ထားပြီး ၂ သိန်းခွဲကျော်ကို မြန်မာဘက်က စိစစ်ပြီးသွားပြီလို့ ဆိုပါတယ်။ အဲ့ဒီ ၂ သိန်းခွဲထဲက လူပေါင်း ဒါ့အပြင် ကျန်တဲ့ ၅ သိန်းခွဲကိုလည်း မြန်မာဘက်က အမြန်ဆုံး၊ အထိရောက်ဆုံး စိစစ်ပေးသွားမယ်ဆိုတာ အတည်ပြုထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ မြန်မာ့အခင်းအကျင်းမှာ နိုင်ငံရေးနဲ့ စစ်ရေးအကြပ်အတည်းကို အပြင်းထန်ဆုံး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ အခုလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးထုတ်ပြောလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုဝန််ကြီး ဦးအောင်ကျော်မိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ် #မြန်မာစစ်တပ် #ရခိုင်ပြည်နယ် #ဦးသန်းဆွေ #NUG #ဦးအောင်ကျော်မိုး