စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၆၀ ထက်မနည်းကို ဧပြီလ ၉ ရက်နေ့မှာ အရှင်ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧရာဝတီကို အတည်ပြုပါတယ်။
ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ အခြေစိုက်ထားတဲ့ တပ်မ (၇၇) ဟာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးလှုပ်ရှား သူတွေကို အကြမ်းဖက် ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
အခုဖမ်းမိထားတဲ့ ဗိုလ်မှူးချုပ် အောင်သက်ဦးဟာ ၂၀၂၃ နောက်ပိုင်းမှ တပ်မ ၇၇ ရဲ့ တပ်မမှူး ဖြစ်လာသူလို့ စုံစမ်းသိရှိရပါတယ်။
တပ်မ (၇၇) ဟာ ၁၉၆၆ မှာ ပဲခူးရိုးမမှာ အခြေစိုက်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ဌာနချုပ် စခန်းကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့တာကြောင့် မြန်မာစစ်တပ် ဂုဏ်ယူတဲ့ တပ်မ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သိရပါတယ်။
#မြန်မာ #ဧရာဝတီ #တပ်မ၇၇ #ဗိုလ်မှူးချုပ်အောင်သက်ဦး #အရှင်ဖမ်းဆီးရမိ #အင်းတော်