စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။
တိုင်းပြည်အတွင်း အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေအပြင် ငလျင်ဘေး ကြောင့် တနိုင်ငံလုံးအတိဒုက္ခရောက်ရှိနေချိန်မှာ စစ်ခေါင်းဆောင်မိသားစုကတော့အောင်စည် တော်ကြီးတီးပြီး ဘုရားထီးတင်ပွဲကို ခြိမ့်ခြိမ့်သဲဆင်နွှဲနေခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခု ငလျင်သဘာဝဘေးဒဏ်ကြုံတွေ့ရချိန်မှာ ဘုရားထီးတင်တာကစစ်ခေါင်းဆောင်အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လူပေါင်း ၄၀၀ ကျော်လောက်သေဆုံးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ က မိုခါမုန်တိုင်းတိုက်ခတ်စဉ်ကလည်း စီမံခန့်ခွဲမှုတွေလုပ်ဆောင်ရမယ့်အစား ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့က မဟာဗောဓိစေတီတော်ကို ထီးတော်တင်အခမ်းအနားပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
ခေတ်အဆက်အဆက်စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေသတ်ဖြတ်၊ ဆရာတော်သံဃာတော်တွေကိုသတ်ဖြတ်၊ ဘာသာရေးအဆောက်ဦးတွေကို မီးရှို့တာတွေအပါအဝင် စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေပေမယ့် ဝါဒဖြန့်ချိရေးလုပ်ဆောင်ရာမှာတော့ သူတို့ကိုယ်သူတို့ သာသနာပြုမင်းကောင်းမင်းမြတ်တွေလို ပြုမူလေ့ရှိတာလည်းဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ထီးတင် #MyanmarEarthquake #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR