စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် အပါအဝင် မြို့ကြီးတွေမှာ ပျက်စီးဆုံးရှုံးမှု များခဲ့ပြီး သေဆုံးသူလဲ များပြားခဲ့ရပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ အဆောက်အအုံတွေထဲမှာ ရှေးဟောင်းအဆောက်အအုံတွေ ပါဝင်သလို နှစ်အနည်းအငယ်အတွင်း ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေလဲ ပါဝင်ခဲ့တာတွေ့ရပါတယ်။
ငလျင်မှာ အဆောင်အအုံတွေ အများအပြားပျက်စီးခဲ့ရတဲ့ အခြေအနေ၊ လူထိခိုက်သေဆုံးမှုများပြားခဲ့ရတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဆောက်လုပ်ရေးအင်ဂျင်နီယာ တဦးဖြစ်တဲ့ ဒေါ်အေးစန္ဒာကို ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #အဆောက်အအုံ #ရှေးဟောင်း #အင်ဂျင်နီယာ #ဒေါ်အေးစန္ဒာ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR