မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီလွတ်ငြိမ်းထဲမှာ မတရားဖမ်းဆီးချုပ်နောင်ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ တခြားထင်ရှားတဲ့ ခေါင်းဆောင် တွေကို လွှတ်မယ့် အရိပ်အယောင်မတွေ့ဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အခုလွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေဟာလည်း နောက်တကြိမ်ပြစ်မှုကျူးလွန်ရင် လက်ရှိလျှော့ပေးလိုက်တဲ့ ပြစ်ဒဏ်ကိုပါ ပေါင်းစည်းကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #လွတ်ငြိမ်း #အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #WhathappensInMyanmar