မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် ၇ ဦး၊ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ အပါအဝင် ၃၉ ဦးကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင် ဘွဲ့တွေပေးအပ်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်နဲ့အတူ ဝရမ်းထုတ်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်လည်း ပါဝင်ပြီး သူ့ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်၊ ဆွတ်ဇလန်နဲ့ ဥရောပသမ္မဂ္ဂ (EU)အပါဝင် နိုင်ငံတကာက အရေးယူ ဒဏ်ခတ် ပိတ်ဆို့ထားသူတွေ၊ စစ်ခေါင်းဆောင်နဲ့ နီးကပ်သူတွေ၊ စစ်တပ်နဲ့ ရုရှား ဆက်ဆံရေးမှာ အကူအညီပြုနေသူတွေကိုပါ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တာပါ။
စစ်အာဏာမသိမ်းခင်ကာလကတော့ ဒီဂုဏ်ထူးဆောင်ဘွဲ့တွေဟာ နိုင်ငံတော် သမ္မတက လွတ်လပ်ရေးနေ့မှာ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုတဲ့ သူတွေ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးတွေမှာ စွမ်းစွမ်းတမံ ပါဝင်ကြသူတွေကို တန်ဖိုးထားစွာနဲ့ ပေးအပ်တဲ့ ဘွဲ့တွေ ဖြစ်ခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ဂုဏ်ထူးဆောင်ဘွဲ့ #ဝရမ်း #ဒဏ်ခတ်ပိတ်ဆို့ #နိုင်ငံတော်သမ္မတ #စစ်ခေါင်းဆောင်