မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့လားရှိုးမြို့ပေါ်ကို တရုတ်ရဲ့ အကူအညီနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက် နေကြပါတယ်။
တရုတ်အစိုးရက MNDAA ကို လားရှိုးမြို့ကနေ ဆုတ်ခွာပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ အကြပ်ကိုင် ခြိမ်းခြောက်ပြီးတဲ့ နောက်မှာ စစ်ကောင်စီတပ်တချို့နဲ့ အုပ်ချုပ်ရေး အဖွဲ့တချို့ အခုလို မြို့ပေါ်ကို ခြေချခွင့်ရတာလာဖြစ်ပါတယ်။
ဧရာဝတီက စုံစမ်းသိရှိရတဲ့အချက်အလက်တွေအရ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဆင်နှစ်ကောင်ဟိုတယ်မှာပဲ စစ်ဦးစီးမှူးပထမတန်း ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ၊ အထွေထွေ အုပ်ချုပ်ရေးမှူးအဖွဲ့၊ တရုတ်အဖွဲ့နဲ့ MNDAA တို့ ရှေ့ပြေးဆွေးနွေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #တရုတ် #MNDAA #စစ်ကောင်စီ #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR