ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်စီမံအုပ်ချုပ်ဖို့အရေး တရုတ်နိုင်ငံရဲ့အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်းကိုယ်တိုင် ကွင်းဆင်းပြီး ဖိအားပေးစီမံမှုတွေ လုပ်ဆောင်နေ ပါတယ်။
လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်မှာ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းကစပြီး မစ္စတာ တိန့်ရှီကျွင်းကဦးဆောင်ကာ စစ်ကောင်စီအရာရှိတွေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ မြို့အုပ်ချုပ်ရေး၊ မြို့လွှဲပြောင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးမှာမဟုတ်ဘူးလို့ အမြဲပြောနေတဲ့တရုတ်နိုင်ငံရဲ့ အခုလိုလုပ်ရပ်တွေအပေါ် မြို့ခံတွေကတော့ မကြိုဆိုဘူးလို့ စုံစမ်းသိရှိရပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #MNDAA #တရုတ် #မစ္စတာတိန့်ရှီကျွင်း #စစ်ကောင်စီ