ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ် ၃ ခုထဲက တရုတ်ရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့ဟာ စစ်ကောင်စီအတွက်တော့ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနေတဲ့မြို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့ဟာ ရခိုင်ပြည်နယ်ထဲ တရုတ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိရာ မြို့ဖြစ်သလို အထူးစီးပွားရေးဇုန် SEZ စီမံကိန်းနဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) အတွက် အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတဲ့ နှစ်ရှည်စီမံကိန်းတွေ အရေး တရုတ်အနေနဲ့ စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။
#မြန််မာ #ဧရာဝတီ #ရခိုင်ပြည်နယ် #ကျောက်ဖြူ #တရုတ် #စီမံကိန်း #BRI #SEZ #AA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR