ရှမ်းစကားပြောတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက မူးယစ်ဆေးဝါး တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာအပါအဝင် ကာယအိန္ဒြေ ပျက်ပြားစေတဲ့အထိ ကိုယ်ထိလက်ရောက် ကိုင်တွယ် စစ်ဆေး၊ မေးမြန်းမှုတွေ လုပ်ဆောင်နေတဲ့ ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားနေသူတွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ဒါဟာ အမျိူးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လက်နက်အားကိုးပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ၊ လူ့အခွင့်အရေးချိူးဖောက်နေတာလို့ ထောက်ပြ ဝေဖန်နေကြပါတယ်။
လူမှုကွန်ရက်ပေါ် ပေါက်ကြားပြန့်နှံ့လာတဲ့ အဲ့ဒီရုပ်သံမှတ်တမ်းထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိူးသားတွေက မူးယစ်ဆေးတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးငယ်တွေကို မဖွယ်မရာ ကိုင်တွယ် စစ်ဆေးတာ၊ ဘိန်းဖြူတွေ့တယ်လို့ပြောဆိုပြီး အမျိူးသမီးငယ်ရဲ့ လည်ပင်းကို နောက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်သွားတာလည်းတွေ့ရတာပါ။
နိုင်ငံတကာ တရားဥပဒေနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအရ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်ဆေးမေးမြန်းတဲ့အခါ အုပ်ထိန်းသူတဦးပါရှိဖို့ လိုအပ်ပြီး အမျိူးသမီးတွေကို အမျိူးသားတွေက ကိုယ်ထိလက်ရောက် ထိတွေ့ကိုင်တွယ် စစ်ဆေးခွင့်မရှိပါဘူး။ ဒါကြောင့် ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့သူတွေကို သေချာ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူမှုတွေ လုပ်သင့်တယ်လို့လည်း ထောက်ပြနေကြတာပါ။
#မြန်မာ #ဧရာဝတီ #လက်နက်ကိုင် #ရှမ်း #ကလေးအခွင့်အရေး #WhathappensInMyanmar #လိင်ပိုင်းဆိုင်ရာကျူးလွန်မှု
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR