ကရင်နီပြည်၊ ဖားဆောင်းမြို့က မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတဦးအပါအဝင် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ ကြတယ်လို့ မြေပြင်က သတင်းအရင်းအမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။
မော်ချီးဒေသကို တိုက်ပွဲမရှိပဲ ဧပြီ ၂၃ ရက်နေ့က စတင်ပြီး ၄ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဧပြီ ၂၄ ရက် မော်ချီးက အမှတ် ၂ မိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုမှာ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကတည်းက ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မော်ချီးမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အခုလို စစ်ကောင်စီရဲ့ မိုင်းတွင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူတွေကို အစုလိုက်အပြုံလိုက် သေဆုံးနိုင်တဲ့ အန္တရာယ်မှာပါ ရှိနေတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီ #မော်ချီး #မိုင်းတွင်း #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #တရုတ်နိုင်ငံသား