ဧရာဝတီ သတင်းဌာနသည် နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို ကျော်ဖြတ်ခဲ့ပြီဖြစ်သည်။
စတင်တည်ထောင်ခဲ့သော ၁၉၉၃ ခုနှစ်မှစ၍ မြန်မာ့အရေးကို အဓိကထား ဖော်ပြနေသည့် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာန ဖြစ်သည်။
နှစ် ၃၀ ခရီးသည် မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ကြိုးပမ်းမှုနှင့် အလွန်ခက်ခဲသော အခြေအနေများအောက်တွင်ပင် အမှန်တရားကို ရဲရဲဝံ့ဝံ့ ကြိုးစားဖော်ထုတ် တင်ပြနိုင်ခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဧရာဝတီသည် တခြား လွတ်လပ်သည့် မီဒီယာများနည်းတူ စစ်အာဏာရှင်၏ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြိမ်းခြောက်မှုများနှင့် သတင်းထောက်များအတွက် ဘေးအန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း အခက်အခဲများကြားမှ မြန်မာပြည်သူများ သတင်းအမှန်သိရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ရပ်တည်နေဆဲဖြစ်သည်။
ယနေ့ ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီ အယ်ဒီတာများ ပြန်ပြောပြထားသည့် နှစ် ၃၀ ခရီး ရုပ်သံမှတ်တမ်းကို တင်ပြလိုက်ပါသည်။
#မြန်မာ #ဧရာဝတီ #အောင်ဇော် #ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ #ဧရာဝတီနှစ်၃၀ခရီး #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR