မြန်မာ့နိုင်ငံရေးကို တရုတ်က ဝင်ရောက် စွက်ဖက်တဲ့အပေါ် လက်မခံတဲ့အကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွားတွေက တရုတ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ မေလ ၃ ရက်နေ့က ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စည်းသုံးစည်းကို ခိုင်မာစွာထိန်းသိမ်းရမယ်လို့ ပြောဆိုဖူးပါတယ်။ အဲဒီစည်းသုံးစည်း ထဲမှာ မြန်မာနိုင်ငံမှာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း တို့ ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်ဟာ စစ်ကောင်စီကို တိုက်နေကြတဲ့ တော်လှန်ရေးတပ်တွေကို ပြောင်ပြောင်တင်းတင်း ဖိအားပေး အကျပ်ကိုင်မှုတွေပြုလုပ်နေသလို ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံပေးအပ်ဖို့ ကိုယ်တိုင် ကွင်းဆင်း စီမံပေးခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #စစ်ကောင်စီ #လားရှိုး #အမေရိကန် #စည်းသုံးစည်း #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR