“မွေးတနေ့၊ သေတနေ့” ဆိုသလို အရာရာတိုင်းမှာ အချိန်အကန့်အသတ်ရှိသည်ကို အားလုံးအသိပါ။ ထိုအချိန်ကို ဘယ်လူသားမှ ထိန်းချုပ်ရန် မစွမ်းနိုင်ပါ။ လက်ရှိချိန်မှာ စစ်ကောင်စီတွင် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးပြီး အပေးအယူလုပ်နိုင်မည့်အချိန် (အခွင့်အရေး) ရှိနေပါသေးသည်။
ထို့အတူ တော်လှန်ရေးအင်အားစုများတွင်လည်း စစ်ကောင်စီနှင့် ဆွေးနွေးပြီး အပေးအယူလုပ်ကြမည်ဆိုလျှင် တော်လှန်ရေး၏ ရည်မှန်းချက်များအားလုံး မဟုတ်သော်လည်း အရေးကြီးသည့် ရည်မှန်းချက်အချို့ကို ဆွေးနွေး ညှိနှိုင်းယူနိုင်သည့် အခြေအနေတွင် ရှိနေပြီဟု သုံးသပ်နိုင်ပါသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်းစစ်အခြေအနေကို အတိုချုံးသုံးသပ်ရလျှင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်များကတဖက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက တဖက်ဖြင့် တဖက်နှင့်တဖက် နောက်ပြန်ဆုတ်၍ မရသည့်အခြေအနေတွင် ရောက်ရှိနေကြသည်ဟု ဆိုနိုင်ပါသည်။
နောက်ပြန်ဆုတ်၍မရ ဖြစ်ရခြင်းမှာ နှစ်ဖက်စလုံးအတွက် ပေးဆပ်ခဲ့ရသည့် အရင်းအနှီးနှင့် အကယ်၍ စစ်ရှုံးလျှင် ဆုံးရှုံးရနိုင်သည့် အခွင့်အရေးသည် နှစ်ဖက်လုံးအတွက် အလွန်ပင် ကြီးမား၍ ဖြစ်ပါသည်။
#မြန်မာ #ဧရာဝတီ #စစ်တပ် #စစ်ဗိုလ်ချုပ် #NUG #PDF #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR