ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မတ်လ ၉ ရက်နေ့ ပြုလုပ်မယ့် ရင်ပြင်နီချီတက်ပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် သွားရောက်ဖို့ ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။
ဒီရင်ပြင်နီပွဲကို တက်ရောက်လာကြမယ့် နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ ဆိုထားပေမယ့် ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြထားတာတော့ မတွေ့ရပါဘူး။
ရုရှားဘက်ကတော့ ဒီပွဲကို တရုတ်၊ အိန္ဒိယ၊ မြန်မာနဲ့ ဘရာဇီးနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ထားတယ်လို့ ဆိုထားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် တက်ရောက်မယ်လို့လည်း သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ရုရှား #စစ်ခေါင်းဆောင် #ရင်ပြင်နီ #မော်စကို #စစ်ရေးပြ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR