စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီလ ၂၈၊ ၂၉ ရက်နေ့တွေက TNLA နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဆွေးနွေးပွဲမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့တွေကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်ကူညီလို့ လားရှိုးမြို့ပေါ်ကို ခြေချခွင့်ရခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မြို့တွေကို ရဖို့အတွက် တရုတ် အကူအညီနဲ့ ထပ်မံကြိုးပမ်းလာတာ တွေ့ရပါတယ်။
ဒီတောင်းဆိုချက်အပေါ် TNLA က လက်မခံတဲ့ အတွက် ဆွေးနွေးပွဲပျက်ခဲ့ပေမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြဖို့ မူအားဖြင့် သဘောတူခဲ့ကြပြီး ဆွေးနွေးပွဲမတိုင်ခင်မှာ စစ်တပ်နဲ့ တရုတ်က ဘယ်လို အကျပ်ကိုင် ဖိအားပေးမှုတွေ လုပ်လာနိုင်သလဲ ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #MNDAA #တရုတ် #ကူမင်း #ဆွေးနွေးပွဲ #သိမ်းပိုက်မြို့
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy