ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို စစ်ကောင်စီက မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၃ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ အမျိုးသမီးအများစုနဲ့ ကလေးငယ်တွေပါဝင်ပြီးသေဆုံးဦးရေဟာ ထပ်တိုးလာနိုင်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိ ငလျင်ပြန်လည်ထူထောင်ရေး အပစ်ရပ်ကြေညာထားတဲ့ ကာလ ဖြစ်ပေမယ့် သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ မြို့တွေကိုလေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု နဲ့ရေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်နေတာပါ။
အပစ်ရပ်တယ်လို ကြေညာထားတဲ့ကာလမှာပဲ ရခိုင်ပြည်နယ် အတွင်းလေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အကြိမ်ပေါင်း ၅၀၀ ကျော် ရှိခဲ့တယ်လို့လည်း AA ဘက်က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရသေ့တောင် #ဗုံးကြဲ #ရခိုင်ပြည်နယ် #AA #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy