တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့တွေကို အာဏာသိမ်း စစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ TNLA က ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုကြောင့် ကူမင်းမြို့မှာ TNLA နဲ့ စစ်ကောင်စီတို့ ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေက တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် သိမ်းထားတဲ့မြို့တွေ ပြန်တောင်းလို့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို မေလ ၁၂ ရက်နေ့က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့လို့ မြို့ခံ အမျိုးသားတဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မန်တုံ #ဗုံးကြဲ #TNLA #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy