အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အနီးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးရဲ့ ရုပ်အလောင်းကို ပြန်ရဖို့ အာသံရိုင်ဖယ်အဖွဲ့ရဲ့ ကတိစာချုပ်မှာ လက်မှတ်ထိုးခဲ့ရတယ်လို့ မြေပြင်တာဝန်ရှိသူတဦးက ဧရာဝတီကို ဖွင့်ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ကမ္မကြီးကျေးရွာအနောက်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးစခန်းတခုက တမူးပကဖ အဖွဲ့ဝင်တွေကို မေလ ၁၄ ရက်နေ့မှာ အန္ဒိယနိုင်ငံ အာသံရိုင်ဖယ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အိန္ဒိယအခြေစိုက်သတင်းဌာနတွေမှာ တိုက်ပွဲဖြစ်ပွားရာက သေဆုံးခဲ့တာလို့ ဖော်ပြပေမဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ဒေသခံအဖွဲ့ကတော့ ရုပ်အလောင်းတွေမှာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေရှိတဲ့အတွက် သတ်ဖြတ်ခံကြရတာလို့ ပြောပါတယ်။
ပကဖတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးဖို့ တောင်းဆိုချိန်မှာလည်း အာသံရိုင်ဖယ်အဖွဲ့ရဲ့ အကျပ်ကိုင် လက်မှတ် ရေးထိုးခိုင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အခြေအနေ သိရှိနိုင်ဖို့ မြေပြင်တာဝန်ရှိသူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အာသံရိုင်ဖယ်အဖွဲ့ #အိန္ဒိယ #တမူး #ပကဖ #WhathappensInMhyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR