ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်မှာ အာဏာသိမ်း စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင် ရှေ့တန်း သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ဗန်းမော်မှာ စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ် ၂ စီးကို ပစ်ချခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ ငြိမ်သက်နေရာကနေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တွေဆီက ရရှိတဲ့ အချက်အလက်တွေအရ ဗန်းမော်မြို့ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) ဝန်းကျင်နဲ့ မြို့ပေါ်မှာ ဖြန့်ကြက်တပ်စွဲထားတဲ့ နေရာတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ ရက်နေ့မနက် အာရုံမတက်ခင်မှာ ဝင်တိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ဗန်းမော် #စကခ၂၁ #ကချင်ပြည်နယ် #KIA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy