ယူကရိန်းဟာ “ပင့်ကူမျှင် စစ်ဆင်ရေး“ နာမည်နဲ့ ရုရှားရဲ့ လေတပ်စခန်း လေးခုကို ဇွန်လ ၁ ရက်နေ့မှာ ဒရုန်းအစင်းရေ ၁၁၇ စင်းနဲ့ အနီးကပ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် Tu 95၊ Tu 22 M3 အမျိုးအစား ဗုံးကြဲလေယာဉ်တွေ၊ A-50 ထောက်လှမ်းရေး လေယာဉ်တစီး အပါအဝင် လေယာဉ်ပေါင်း ၄၀ ကျော် ထိမှန်ပျက်စီးသွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်က စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ မြန်မာတော်လှန်ရေး အင်အားစုတွေကြား အားကျစရာဖြစ်ခဲ့ရပြီး စစ်ကောင်စီလေတပ်စခန်းတွေကို တိုက်ခိုက်နိုင်ဖို့အတွက်လည်း ခွန်အားဖြစ်စေတယ်လို့ ပြောကြပါတယ်။
#မြန်မာ #ဧရာဝတီ #ယူကရိန်း #ရုရှား #ပင့်ကူမျှင်စစ်ဆင်ရေး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR