ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတခုဖြစ်တဲ့ သေ့ဘောဘိုးစခန်းကို ၃ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) နဲ့ တော်လှန်ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ သေ့ဘောဘိုးစခန်းက စစ်ကောင်စီအတွက် မြဝတီလမ်းတလျှောက်ကို စိုးမိုးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ ဗျူဟာစခန်းတခုဖြစ်သလို ဝေါလေဗျူဟာကုန်း အတွက်လည်း ကာကင်းစခန်းတခုဖြစ်ပါတယ်။
သေ့ဘောဘိုးစခန်းဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် တပ်မဟာ (၆) နယ်မြေထဲက ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကာလတုန်းကတော်လှန်ရေးသမားလူငယ်တွေအတွက်လည်း အခြေစိုက်ရာ နေရာတခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ စစ်ကောင်စီတပ်က ဒီစခန်းကို သိမ်းပိုက်ပြီး စခန်းတည် အထိုင်ချခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
#မြန်မာ #ဧရာဝတီ #သေ့ဘောဘိုး #KNU #KNLA #မြဝတီ #တပ်မဟာ၆ #ဝေါလေဗျူဟာ #မဆုတ်တမ်းခံစစ် ##WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy