တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုနဲ့ တောင်ခမ်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဇွန် ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးပွဲတွေရှိနေတဲ့ကြားထဲမှာပဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှုတွေ ရှိလာနေတာလို့ ဆိုပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး စစ်ကောင်စီ နဲ့ TNLA နှစ်ဘက်လုံးက အပစ်ရပ် ကာလကို ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးထားပေမယ့် မြေပြင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ဒါ့အပြင် မိုးကုတ်၊ မိုင်းလုံ၊ ကျောက်မဲ၊ မိုင်းငေါ့နဲ့ မန်တုံမြို့တွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #နောင်ချို #တောင်ခမ်း #ထိုးစစ် #တိုက်ပွဲ #စစ်ကောင်စီ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy