တော်လှန်ရေးကာလမှာ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းအနေနဲ့ တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းလိုက်တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC) ကဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲတဲ့ ၂၀၂၁ ခုနှစ် မတ်လက ဖွဲ့စည်းထားတဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီကို ပြောင်းလဲ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အုပ်ချုပ်ရေး၊ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကိစ္စရပ်တွေကို တအာင်းပြည်ကောင်စီအနေနဲ့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အခြေခံပြီး တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကိုဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #TLC #TPCC #တအာင်းပြည်ကောင်စီ #ရှမ်းပြည်နယ်မြောက်ပိုင်း #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy