မန္တလေးမြို့ပေါ်မှာ ဆယ်ကျော်သက်အရွယ် လူငယ် ၄ ဦးကို တခြား လူငယ်တစုက ဆိုင်ကယ်နဲ့ နောက်က လိုက်ပြီးဝိုင်းဝန်းထိုးကြိတ်တဲ့ ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့ပါတယ်။
ဝိုင်းဝန်းထိုးကြိတ်သူတွေဟာ လူငယ် ၄ ဦးစီးသွားတဲ့ ဆိုင်ကယ်နောက်ကလိုက်ပြီး “ငါတို့ကို ဘာကောင်တွေထင်နေလဲ၊ အကုန်လုံး စစ်ကြောရေးပို့ပစ်မယ်” လို့လိုက်လံ ကြိမ်းမောင်းပြီး ဆိုင်ကယ်ကို ရပ်ခိုင်းပြီးမှထိုးကြိတ်ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်၊ ပြည်သူ့စစ်၊ ပျူစောထီးနဲ့ သူတို့နဲ့ ပတ်သက် ဆက်နွယ်သူတွေရဲ့ အနိုင်ကျင့်မှုကို ကြုံတွေ့ခံစား နေကြရတဲ့ မန္တလေးမြို့ခံတွေကတော့ ဒါဟာ အာဏာသိမ်းပြီး နောက်ပိုင်း မန္တလေးမှာတွေ့ရတဲ့ မင်းမဲ့စရိုက်တွေထဲကတခုဖြစ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေး #လူငယ် #ပြည်သူ့စစ် #ပျူစောထီး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR