တောင်ကိုရီးယားသမ္မတနိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံခေါ်ယူမယ့်အစီအစဥ်ကို လုပ်ဆောင်နေဆဲအဆင့်မှာပဲ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်က ဧရာဝတီကို အတည်ပြု ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံအစိုးရက ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံပေးမယ့်အစီအစဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စတင်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
လေးလကြာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခု ဇွန်လအတွင်းမှာတော့ တောင်ကိုရီးယားပြည်သူတွေရဲ့ ကန့်ကွက်မှုအချို့ကြောင့် အစီအစဥ်ရပ်ဆိုင်း လိုက်တာလို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #တောင်ကိုရီးယား #ဒုက္ခသည် #UNHCR #ရပ်ဆိုင်း #ယောင်းယန်းဒေသ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy