နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားပြီး စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဟာ တိုင်းပြည် မတည်ငြိမ်မှုကိုသာ ဦးတည်နေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘီစ်ရှော့က ပြီးခဲ့တဲ့ ဇွန် ၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ကလည်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေး ဟန်ပြတခုသာဖြစ်ပြီး ရွေးကောက်ပွဲအစား အကြမ်းဖက်မှု ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုသာ အရင်လုပ်ဆောင်သင့်တယ်လို့လည်း ထောက်ပြခဲ့ပါသေးတယ်။
ဒါပေမယ့်အာဏာသိမ်း စစ်ကောင်စီကတော့ လာမယ့် ဒီဇင်ဘာလမှာ လွတ်လပ်၊ တရားမျှတပြီး အားလုံး လက်ခံတဲ့ ရွေးကောက်ပွဲတခု ပြုလုပ်သွားမယ်လို့ ကြွေးကြော်ထားသလို လက်ရှိမှာလည်းရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
တဖက်မှာလည်း တရုတ်၊ ရုရှားလို ဗီတိုအာဏာကိုင်ဆောင်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီးတွေဟာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံ၊ အားပေးနေပြီး နိုင်ငံရေးထွက်ပေါက်တခုအဖြစ်နဲ့ ဖန်တီးပေးနေတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ကုလသမဂ္ဂ #ဂျူလီဘီစ်ရှော့ #ရွေးကောက်ပွဲ #အာဆီယံ #အာဏာသိမ်း #စစ်ကောင်စီ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy