ထိုင်း – မြန်မာနယ်စပ်က မဲဆောက်မြို့မှာ အထောက်အထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးနေတဲ့အပြင် သုံးဘီးဆိုင်ကယ် နဲ့ လျှပ်စစ်ဆိုင်ကယ် (E-bike) တွေကို အခုရက်ပိုင်း ပိုက်စိပ်တိုက် ဖမ်းဆီးနေပါတယ်။
ကွာလန်းစီမံချက်လို့ အမည်ပေးထားတဲ့ အထူးစစ်ဆေးရေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အထောက်အထားမရှိသူတွေ၊ သုံးဘီးဆိုင်ကယ် တရားမဝင်မောင်းနှင်သူတွေကို အရေးယူနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက တရားဝင် ပြဌာန်းထားတဲ့ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၂၇ မျိုးထဲမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်တာလဲ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ သုံးဘီးဆိုင်ကယ်ကို ခရီးသည် ပို့ဆောင်ဖို့နဲ့ ကုန်ပစ္စည်းသယ်ပို့ဖို့ တပိုင်တနိုင်အသုံးပြုနေကြတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မဲဆောက် #သုံးဘီးဆိုင်ကယ် #လျှပ်စစ်ဆိုင်ကယ် #ကွာလန်းစီမံချက် #ဖမ်းဆီး #တရားမဝင် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR