တရုတ်၏စွက်ဖက်မှုနှင့် စစ်အာဏာရှင်များ သက်ဆိုးရှည်ရန် ကူညီအားပေးမှုသည် ပြည်တွင်းစစ် အတန်ငယ်ပိုကြာမြင့်ပြီး လူအသေပျောက် ပိုများသည်သာ ဖြစ်ပေလိမ့်မည်။
စစ်တပ်သည် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းနိုင်မည် မဟုတ်သည့် အပြင် စစ်အာဏာရှင်များ ကျဆုံးမှုကို တားဆီး၍ ရနိုင်လိမ့်မည်မဟုတ်ပေ။
မြန်မာပြည်သူများကို အထင်အမြင်သေး မျက်ကွယ်ပြုပြီး သူ၏ စူပါ ပါဝါအင်အားဖြင့် ဘာလုပ်လုပ်ဖြစ်မည်ဟု တရုတ်တို့က ထင်မြင်ယူဆနေခြင်းကြောင့် စစ်အာဏာရှင်များကို အသက်ဆက်ပေးခြင်းဖြစ်သည်။
တကယ်တမ်းတွင် တရုတ်တို့သည် “ကျားသေကို အသက်သွင်းရန်” ကြိုးစားနေခြင်းသာဖြစ်၏။ ရလဒ်သည် မျှော်လင့်သည်နှင့် ပြောင်းပြန်ပင်ဖြစ်မည်ကို တရုတ်တို့ တွေ့ရပေလိမ့်မည်။
#မြန်မာ #ဧရာဝတီ #တရုတ် #မင်းအောင်လှိုင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy