Women & Gender

ငြိမ်းချမ်းရေးတွင် အမျိုးသမီးအရေးလှုပ်ရှားမှု ပိုမိုခိုင်မာကျယ်ပြန့်ရန် ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အမျိုးသမီးများ၏အင်အားကို အသုံးပြုပြီး အမျိုးသမီးအရေး လှုပ်ရှားမှုများ ပိုမိုခိုင်မာကျယ်ပြန့်လာစေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲတခုကို အမျိုးသမီးအဖွဲ့အစည်းများက ဘားအံမြို့ တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) တို့ ပူပေါင်းကျင်းပ သည့် ‘ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်’ ဟူသည့်ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စက်တင်ဘာ ၁၉ မှ ၂၁ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“ကျမတို့ရဲ့ အမျိုးသမီးလှုပ်ရှားမှုကြီးတွေ ပိုမိုခိုင်မာကျယ်ပြန့်လာမှပဲ ပြည်တွင်းစစ် ရပ်တန့်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကျားမ တန်းတူရေးတွေကနေတဆင့် ကျမတို့ နှစ်ရှည်လများ လိုလားတောင့်တ လာကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု WLB အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောသည်။

ဖိုရမ်အပြီးတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးထုအားလုံးအတွက် အကျိုးရှိမည့် ရလဒ်များအပြင် ဖိုရမ်၏ ရည်ရွယ်ချက် တခုဖြစ်သော အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လုပ်ငန်းစဉ်ရေးဆွဲရေးဖြစ်စဉ်များတွင် အထောက်အကူ ပြုနိုင်စေမည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဟုလည်း မှျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။

“တကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနဲ့ သွားနေခဲ့တာတောင်မှ ရာစုနှစ်ဝက်ကျော် ကြာခဲ့ပြီ။ ဗမာပြည်မှာလည်း မနေ့တနေ့ကမှ အမျိုးသမီးအဖွဲ့တွေနဲ့ အမျိုးသမီးလှုပ်ရှားမှုဆိုတာ ပေါ်လာတာ။ တကယ့်တကယ်ကျတော့ အများကြီးလည်း အားကောင်း သေးတာမဟုတ်ဘူး။ conceptual knowledge အရလည်း ကျမတို့မှာ အများကြီးလိုအပ်သေးတယ်။ နောက်ပြီး လူမှုရေး ရာ တည်ဆောက်ထားတဲ့ အတွေးအခေါ်၊ အယူအဆတွေကို လှန်ပြီးတက်ရတဲ့ကိစ္စဖြစ်တော့ နေ့ချင်းညချင်းမဖြစ်နိုင်ဘူး။ ကျမ တို့ အများကြီးအလုပ်လုပ်ရအုံးမှာပါ” ဟု ဖိုရမ်တက်ရောက်လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုဟုဆိုရာတွင် လက်ရှိအခြေအနေအရ နိုင်ငံရေးဆွေးနွေးမှု မူဘောင် (ဦး ဆောင်ကဏ္ဍ)တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို ထည့်သွင်းဖော်ပြထားသော်လည်း မပြည့်မီသေးသည်ကို တွေ့ရ ကြောင်း၊ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်လာသူ ၇၀၀ အနက် အမျိုးသမီးဦးရေ ၁၀၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းသာရှိပြီး အခြေခံချမှတ်ချက်ကိုပင် မပြည့်မီသေးသည့်အတွက် ကြိုစားရအုံးမည်ဖြစ် ကြောင်း၊ ကိုတာစနစ်ကို မူဘောင်ထဲတွင် ထည့်သွင်းပြီးသားဖြစ်သော်လည်း ကျင့်သုံးမှုအပိုင်းတွင် အားနည်းနေသေး ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ဒေါ်ဇင်မာအောင်က “လုပ်စရာတွေက အများကြီးပဲ။ အများကြီးထဲမှာမှ ကိုယ့်လူ့အဖွဲ့အစည်း ဘယ်ရောက်နေလဲဆိုတာ သိ ဖို့လိုတယ်။ ရောက်တဲ့နေရာကနေ စသွားရမယ်။ ကိုယ်ရောက်တဲ့နေရာကို မှန်မှန်ကန်ကန်မသိဘဲနဲ့ စမှတ်မှားလို့ရှိရင် ကျမ တို့ ဆုံမှတ်လည်း ရှိမှာမဟုတ်ဘူး။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ရေချိန်၊ အခြေအနေပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ပြီး ဘယ် နေရာကနေ စမလဲ။ နောက်ပြီး stake holder တွေ အနေအထား။ ဘယ်သူတွေနဲ့ အလုပ်လုပ်မလဲ။ အဓိကက ပကတိနိုင်ငံ ရေးအခြေအနေ စီးပွားရေးအခြေအနေတွေအပေါ်မှာ သေသေချာချာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့လိုတယ်” ဟု ဆိုသည်။

ဘားအံမြို့တွင် သုံးရက်တာကျင်းပမည့် ဖိုရမ်သို့ မြန်မာနိုင်ငံ ဒေသအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးဦးရေ ၄၀၀ ကျော် တက်ရောက်ပြီး အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ပြည်တွင်းစစ်ပြေးရှောင်များနှင့် စစ်ဘေး ဒုက္ခသည် များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး၊ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နေသည့် အမျိုးသမီးများ၏ အတွေ့အကြုံဖလှယ်ခြင်းဟူသည့် ခေါင်းစဉ်များ ဆွေးနွေးဖလှယ်သွားကြမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားတွင် ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာ ရေးတို့ကို တိုက်တွန်းနှိုးဆော်သွားမည်ဖြစ်ကြောင်း WLB က သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading