• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          အဖော်လေးတွေ…

          အဖော်လေးတွေ…

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Women & Gender

          တရားမျှတမှုကို လိုချင်တဲ့ ဒေါ်မဂျီခေါန်နန်

          by နန်းလွင်နှင်းပွင့်
          4 October 2017
          in Women & Gender
          Reading Time: 1 min read
          A A
          အသတ်ခံရသည့် ဦးလဗျ နော်ခွန်၏ ဇနီး ဒေါ်မဂျီခေါန်နန် / နန်းလွင်နှင်းပွင့် / ဧရာဝတီ

          အသတ်ခံရသည့် ဦးလဗျ နော်ခွန်၏ ဇနီး ဒေါ်မဂျီခေါန်နန် / နန်းလွင်နှင်းပွင့် / ဧရာဝတီ

          70.7k
          VIEWS
          Share on FacebookShare on Twitter

          အရောင်မွဲနေတဲ့ အကျီနဲ့ ခပ်နွမ်းနွမ်းထဘီကို ဝတ်ဆင်ထားပြီး အဝတ်ဟောင်းစ တစနဲ့ ၃ လသား ကလေးငယ်ကို ရင်ခွင်မှာ လွယ်ထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ကချင်အမျိုးသမီးဟာ သူ့ခင်ပွန်းသည်အတွက် တရားမျှတမှုကို စိန်ခေါ်ဖို့ အုတ်တံတိုင်း အခိုင်အမာခတ်၊ သေနတ်ကိုင် အစောင့်အကြပ်တွေရှိတဲ့ ခြံဝန်းထဲကို ဝင်လာပါတယ်။

          လုံခြုံရေးအရ စစ်ဆေးတဲ့ စစ်သမီးတွေနဲ့ စစ်သားတွေဆီမှာ သူက အစစ်ဆေးခံပြီး မန်စီမြို့အခြေစိုက်၊ ခြေမြန်တပ်ရင်း- ခမရ ၃၁၉ ဧည့်စာရင်း စာရွက်မှာတော့ ဦးလဗျ နော်ခွန်၏ ဇနီး ဒေါ်မဂျီခေါန်နန် လို့ ရေးလိုက်ပါတယ်။

          RelatedPosts

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          707
          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          1 December 2023
          7.7k
          နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

          နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

          21 November 2023
          2.5k

          ဒေါ်မဂျီခေါန်နန်က ၂၀၁၄ ခုနှစ်မှာ သူနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကောင်းခါးရွာအနီး တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဖြစ်တာကြောင့် ခင်ပွန်းသည် ဖြစ်သူ ဦးလဗျ နော်ခွန်နဲ့ အတူ ပြေးလာရပြီး မိုင်းခေါင်ကျေးရွာ၊ ဘုရားကျောင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ခိုလှုံ နေသူတဦးပါ။

          ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်က နေ့စား အလုပ်သွားလုပ်တဲ့ ခင်ပွန်းသည်ကို လမ်းမှာ ဖမ်းပြီး သတ် ပစ်လိုက်တဲ့ တပ်မတော်သား ၆ ဦးကို စစ်တရားရုံးမှာ အမှုစစ်နေတာ လာရောက် ကြားနာလို့ ရတယ်လို့ တပ်မတော်ဘက်က ဖိတ်ခေါ်တာကြောင့် ခမရ -၃၁၉ ခြံဝန်းထဲကို သူ ရောက်လာတာပါ။

          “ကျမ တရားမျှတမှုကို လိုချင်တယ်။ ကျမခံစားရတာ ဆုံးရှုံးရတာနဲ့ ထပ်တူညီဖို့ဆိုရင် သူတို့ကို ထောင်ဒဏ် တသက် တောင် ချစေချင်တာ” လို့ပြောရင်း ဒေါ်မဂျီခေါန်နန်ရဲ့ မျက်နှာတခုလုံး နီရဲလာပါတယ်။

          သူ့မျက်ဝန်းအစုံက မျက်ရည်တွေလည်း ကျလာပြီး တအင့်အင့် အော်နေတဲ့ သူ့ရင်ခွင်မှာ ပိုးထားတဲ့ ကလေးငယ်ကို ချော့မြူလိုက်ရင်း “ သူက သူ့အဖေဆုံးတော့ ကိုယ်ဝန် ၈ လနဲ့ ကျန်ခဲ့တာ။ သူ့အဖေ မရှိတော့ ကျမလည်း အခက်အခဲ တွေကြောင့် ဆေးရုံလည်း မသွားနိုင်ဘူး။ အိမ်မှာပဲ ကလေးကို မွေးခဲ့ရတယ်”လို့ ပြောပြပါတယ်။

          သူ့ရင်ခွင်ထဲက ပိုက်ထားတဲ့ ကလေးငယ်ကို ကြည့်ပြီး ဘောက်ဆန်လှိုင်လို့ အမည်ပေးထားတာ ဆိုပြီးလည်း ပြောပြပါ တယ်။ လှိုင်ဆိုတာကတော့ ကချင်မိသားစုတွေမှာ ဖခင်မရှိတော့တဲ့ နောက်ပိုင်း ကိုယ်ဝန်နဲ့ ကျန်ရှိပြီး မွေးလာတဲ့ ကလေးငယ်တွေကို အမည်ပေးရာမှာ ထည့်ပေးတတ်တဲ့ အမည်နာမတခုဖြစ်ပါတယ်။

          ဒေါ်မဂျီခေါန်နန်က “အဲဒီနေ့က သူနေ့စားသွားမယ်တဲ့ ။ ကျမသေချာ မှတ်မိနေတာ ကန့်က ပေးထားတဲ့ ငြိမ်းချမ်းရေး အကျီကို သူဝတ်သွားတာ၊ နောက် WFP က ပေးတဲ့ ဆန်အိတ်ကို လွယ်အိတ်လို ချုပ်ထားတာကို သူလွယ်သွားတယ်။ နောက် လေးခွယူသွားတယ်။ ကလေးတွေကို ပြောခဲ့တာ အဖေပိုက်ဆံသွားရှာမယ်၊ ညနေပြန်လာမယ်တဲ့” ဆိုပြီး သူမှတ်မိနေတာတွေကို ပြောပြတယ်။

          နီမြန်းနေတဲ့ မျက်နှာပေါ် ကျလာတဲ့ မျက်ရည်တွေကိုသုတ်ရင်း “ကျမ ကလေး ၃ ယောက်လုံးမှာ အဖေ ခေါ်စရာ မရှိတော့ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

          ဒေါ်မဂျီခေါန်နန်ရဲ့ ခင်ပွန်းသည် ဦးလဗျနော်ခွန်က နေအိမ်စစ်ရှောင်စခန်းကနေ ၅ မိုင်ကျော်ဝေးတဲ့ ခါပရာယန် ကျေးရွာမှာ သစ်လုံးတွေ သယ်ပေးတဲ့ နေ့စားအလုပ်လုပ်ဖို့ သူငယ်ချင်း စစ်ဘေးရှောင် ဒုက္ခသည် တွေ ဖြစ်တဲ့ ဦးအင်ခွန်ဂမ်အောင်၊ ဦးမရန်ဘရန်ဆိုင်းတို့နဲ့အတူ ဆိုင်ကယ်နဲ့ ထွက်သွားခဲ့တာပါ။

          အဲဒီက အပြန်လမ်းမှာ ခမရ -၃၁၉ ၊ ကင်းပုန်းဝပ် စစ်ကြောင်းနဲ့ တိုးခဲ့ရာက ဖမ်းဆီးခံရပြီး တောတွင်းထဲမှာ အသတ်ခံ ရတဲ့အပြင် အလောင်းကို မိုင်းခေါင်ကျေးရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့ တောတွင်းထဲမှာ ဖျောက်ဖျက်ခံလိုက်ရတာပါ။

          ဦးမရန်ဘရန်ဆိုင်းရဲ့ မိခင် ဒေါ်လဖိုင်နန်ဘန်က “ ကောင်ရာမှာ လောပန်းတွေလာရင် သစ်တွေ သယ်ပေးရတယ်။ သားက တခါတလေ ၅၀၀၀ ကျပ် ရတယ်။ တခါတလေ ၈၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်ရတယ်။ သူက ရတဲ့ ပိုက်ဆံ ကို အိမ်ကိုပေးတယ်။ ကျမတို့က စားဖို့သောက်ဖို့ ကလေးတွေဖျားရင် ဆေးကုဖို့ သားရှာတဲ့ ငွေကို သုံးတယ်” လို့ ပြောပါတယ်။

          အသတ်ခံရသည့် ဦးမရန်ဘရန်ဆိုင်း မိခင် ဒေါ်လဖိုင်နန်ဘန်

          ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံံ့နေတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ စခန်းတွေကို ထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကို လျှော့ချခဲ့ ပါတယ်။

          ဒေါ်မဂျီခေါန်နန်၊ ဒေါ်လဖိုင်နန်ဘန်တို့ ခိုလှုံနေတဲ့ မိုင်းခေါင်စစ်ဘေးရှောင်စခန်းမှာတော့ တလမှာ လူတဦး အတွက် ဆန် ၅ ပြည်၊ ဆီနဲ့ ဟင်းဖိုးအတွက် ၂၅၀၀ ကျပ်ကိုသာ ရရှိပါတော့တယ်။

          ငွေ ၂၅၀၀ ကျပ်က တရက်စာ ဟင်းဖိုးသာ ရှိတာကြောင့် စခန်းမှာ မိသားစုရှိတဲ့ အမျိုးသား၊ လူငယ်လူရွယ်တွေက အိမ်စရိတ် ရအောင် လယ်စိုက်၊ သစ်လုံးသယ်၊ တောင်ယာရှင်းပေးတဲ့ အလုပ်တွေကို တနေ့စားခ ရှာဖွေလုပ်ကြရပါ တယ်။

          ဦးအင်ခွန်ဂမ်အောင်ရဲ့ ဇနီး ဒေါ်မရန်ရွယ်ဂျာကလည်း “သူပဲ မိသားစုကို ရှာကျွေးတာ။ အခု သူမရှိတော့ဘူး ဆိုတော့ ကျမပဲ ရှာကျွေးရတော့မယ်။ ဘာမှလည်း မလုပ်တတ်ပဲ တယောက်တည်း ကျန်ခဲ့ပြီ”လို့ ပြောပါတယ်။

          ဒေါ်မရန်ရွယ်ဂျာက သူ့ခင်ပွန်းသည်အကြောင်း တွေးမိလိုက်တာနဲ့ စကားဆက် မပြောတော့ဘဲ အဝေးကိုပဲ ငေးကြည့်နေပါတယ်။

          ဦးလဗျနော်ခွန်နဲ့ အတူ အသတ်ခံလိုက်ရတဲ့ ဦးမရန်ဘရန်ဆိုင်းနဲ့ ဦးအင်ခွန်ဂမ်အောင်တို့မှာလည်း ၂ နှစ် အရွယ် ကလေးငယ်တွေ ကျန်နေခဲ့တာပါ။

          ဦးမရန်ဘရန်ဆိုင်းရဲ့ အမျိုးသမီး ဒေါ်ဝဂျေဆိုင်းမိုင်က “ကျမတို့ယောင်္ကျားတွေကို စစ်ကြောင်းတွေ ဖမ်းသွားပြီး သတ်လိုက်တယ်လို့ မြင်ခဲ့တဲ့လူက ပြောတော့ ရပ်ရွာက လူကြီးတွေနဲ့ အလောင်းကို လိုက်ရှာတာ ။ မေလ ၂၈ ရက်မှာ ပြန်တွေ့တယ်”လို့ ပြောပြပါတယ်။

          ဒေါ်လဖိုင်နန်ဘန်က“ပြန်တွေ့တဲ့အချိန်မှာ အလောင်းတွေက ပုတ်လို့ အနံ့တွေတောင် နံနေပါပြီ။ သူများတွေက နံတယ်နံတယ် နဲ့ နှာခေါင်းတွေ ပိတ်ပြီး ရှောင်ကြတယ်။ ကျမက ရှောင်ချင်တဲ့ စိတ်လည်း မရှိဘူး။ အနီးတောင် ကပ်ချင်တယ်။ ကျမ ဖက်ချင်တယ်။ ဖက်ချင်ရင်လည်း အနီးကပ် ကို သူတို့က မသွာခိုင်းဘူး။ ဒါပေမယ့် သူ့အလောင်းကိုတော့ ကျမ ကောင်းကောင်းမွန်မွန် တွေ့လိုက်ရပါတယ်။ မျက်နှာတွေက အကုန်ပြဲကုန်ပြီ မရှိတော့ဘူး” လို့ ပြောရင်း သူ့သားနာမည်ကို တ ကာ ညည်းညူ ပြီး အော်ငိုပါတယ်။

          အသတ်ခံခဲ့ရသည့် ဦးမရန်ဘရန်ဆိုင်း၏ မိသားစုဝင်များ

          သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပိတ်စနဲ့လည်း မျက်ရည်တွေကို သုတ်ရင်း အိမ်မှာ မိသားစု ၅ ဦးရှိပြီး သားဖြစ်သူ ဦးမရန်ဘရန်ဆိုင်းကပဲ ရှာဖွေကျွေးမွေးနေတာကြောင့် ရှေ့ဆက် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာလည်း မသိတော့ဘူးလို့ ပြောနေပါတယ်။

          စစ်ဘေးရှောင်စခန်းတာဝန်ခံတွေနဲ့ ရပ်ရွာလူကြီးတွေက အလောင်းတွေကို မန်စီဆေးရုံကို ပို့ပြီး မှုခင်းဆေး ဆရာဝန်ရဲ့ စစ်ချက်တွေနဲ့ မန်စီမြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။

          ဆေးမှတ်တမ်းအရ အသတ်ခံရသူ ၃ ဦးရဲ့ ကိုယ်ခန္ဒာမှာ သေနတ်ကျည်ထိဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ ဦးခေါင်းတွေ ကြေမွ၊ မျက်လုံးတွေ ပေါက်ထွက်အောင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၃၀ ရက်မှာ မိုင်းခေါင်အရပ်သားစစ်ဘေးရှောင်တွေ အသတ်ခံ ရတာနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေ ပါ၊ မပါစစ်ဆေးမယ်လို့ သတင်းထုတ်ပြန်ပြီးနောက် ခမရ-၃၁၉ ထဲမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

          အရပ်သား စစ်ဘေးရှောင် ၃ ဦးကို သတ်လိုက်တဲ့ အမှုမှာ ပါဝင်ပတ်သတ်နေသူတွေက ခမရ-၃၁၉ က တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး ၃ဦး၊ ဒုတပ်ကြပ်နဲ့ တပ်သားတို့ ဖြစ်ပါတယ်။

          ဗိုလ်ကြီး ၃ ဦး၊ ဒုတပ်ကြပ်နဲ့ တပ်သားတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ -၃၀၂ နှင့် ညီမျှသည့် တပ်မတော် အက်ဥပဒေ ၇၁၊ လူသတ်မှုကို ပူးပေါင်းအားပေးကူညီမှု၊ အမိန့်ပေးစေခိုင်းမှု စသည်တို့ဖြင့် တပ်မတော် အက်ဥပဒေ ၆၈ ၊ ၆၉ ၊ ၇၀ တို့ဖြင့်လည်း စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

          တပ်ရင်းမှူးကိုတော့ တပ်မတော်အက်ဥပဒေပုဒ်မ ၆၈၊ မမှန်မကန်ပြောဆို လိမ်လည်တင်ပြမှု အတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၅၆ (က) နဲ့ စွဲချက်တင်ထားတာပါ။

          မိုင်းခေါင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း တာဝန်ခံ၊ မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူးနဲ့ မန်စီမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကိုလည်း သက်သေ အနေနဲ့ စစ်တရားရုံးမှာ စစ်ဆေးထားပါတယ်။

          ခမရ – ၃၁၉ က စက်တင်ဘာလ ၁၅ ရက်မှာ စစ်တရားရုံးမှာ အမှုစစ်တာကို လာရောက်ကြားနာလို့ ရတယ် ဆိုပြီး အသတ်ခံရတဲ့ မိသားစုဝင်တွေ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ သတင်းထောက် တွေကို ဖိတ်ခေါ်ခဲ့တာကြောင့် ဧရာဝတီက စက်တင်ဘာလ ၁၈ ရက်၊ စစ်ဆေးမှုမှာ သွားရောက်နားထောင်ပြီး မှတ်စုလိုက် မှတ်ခွင့် ရခဲ့ပါ တယ်။

          အဲဒီ စစ်ဆေးမှုမှာ စစ်တရားရုံးအဖွ့ဲဝင်တွေ အဖြစ် တပ်မတော်အရာရှိ ဗိုလ်မှူးကြီး ၃ ဦးက တာဝန်ယူပါတယ်။ စစ်တရားရုံးအဖွဲ့ဝင်တွေ ထိုင်တဲ့ အနောက်ဘက် နံရံမှာ ဗိုလ်ချုပ်အောင်ဆန်းကို ခြံရံပြီး ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့ရဲ့ ဓါတ်ပုံတွေကို ချိတ်ဆွဲထားပြီး ဒုတိယတဆင့်မှာတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံကို တွေ့ရပါတယ်။

          စစ်တရားရုံးအတွင်း ထွက်ဆိုချက်များ မပြုလုပ်မီ စစ်ဆေးခံရမယ့် တပ်မတော်သားက မှန်ကန်စွာ ထွက်ဆိုမယ့် အကြောင်း ကျမ်းသစ္စာဆိုရပါတယ်။

          သစ္စာဆိုပြီးတဲ့အခါ စစ်တရားရုံးအဖွဲ့ဝင် ၃ဦးနဲ့ မျက်နှာချင်းဆိုင်မှာ ချထားတဲ့ ခုံမှာ ခါးမတ်မတ်အနေအထား နဲ့ ထိုင်ပြီး တရားလိုဘက်အရာရှိ ၊ တရားခံဘက်အရာရှိတွေက မေးခွန်းတွေကို ပြစ်မှု ကျူးလွန်ထားတဲ့ တပ်မတော်သားတွေက ဖြေဆိုပြီး အရာရှိတွေက မှတ်တမ်းရယူနေတာကို တွေ့ရပါတယ်။

          သူတို့ရဲ့ ထွက်ဆိုချက်တွေအရ အရပ်သား ၃ ဦးကို မတွေ့ခင် လမ်းမှာ မူးယစ်ဆေးဝါး အများအပြားနဲ့ ငွေ သိန်း ၄၀ ခန့် ပါတဲ့ ဦးလနန်ကို ကနဦးတွေ့ပြီး ဖမ်းဆီးကာ လမ်းတွင် ထပ်မံတွေ့သည့် စစ်ဘေးရှောင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

          ဗိုလ်ကြီးတဦးက ဦးလနန်က မူးယစ်ဆေးဝါးတွေ ပါလာတာကြောင့် တပ်မတော် စစ်ကြောင်းနဲ့ ပတ်သက်တယ်လို့ အများထင်ယောင်ထင်မှား ဖြစ်မှာ စိုးရိမ်တာကြောင့် လွှတ်ပေးလိုက်ကြောင်း၊ ဖမ်းထားတဲ့ အရပ်သား ၃ ဦးကိုလည်း တပ်သားအား စောင့်ကြည့်ခိုင်းထားရာ ကျည်ပေါက်ထွက်ပြီး တဦး သေသွားကြောင်း ထွက်ဆိုချက်မှာ ပြောပါတယ်။

          လွတ်လာတဲ့ ဦးလနန်က အသတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြတာကြောင့် မိသားစုဝင်တွေလည်း အလောင်းကို ရှာပြီး ပြန်ဖော်နိုင်ခဲ့တာပါ။

          ဒေါ်လဖိုင်နန်ဘန်က “လနန်နဲ့ တွေ့လို့သာ ကျမတို့သားတွေကို စစ်သားတွေက သတ်လိုက်တယ်ဆိုတာ သိရတာ။ သူနဲ့သာမတွေ့ရင် ဘယ်လိုမှ သက်သေရှိမှာ မဟုတ်ဘူး။ နောက်ပြီး သူတို့မြှုပ်ထားတဲ့ နေရာကို လည်း ရှာတွေ့မှာ မဟုတ်ဘူး။ လနန်က ဘုရားသခင်က လွှတ်လိုက်တဲ့ လူလို့ပဲ ကျမက မှတ်ယူတယ်” လို့ ဆိုပါတယ်။

          အသတ်ခံရတဲ့ အမှုကို စစ်ဆေးစဉ်မှာတော့ ဦးလနန်ကို သက်သေထွက်ဆိုပေးဖို့ စုံစမ်းခဲ့ကြပေမယ့် သူ ဘယ်မှာနေတယ်ဆိုတာ အတိအကျ မသိကြတာကြောင့် ဆက်သွယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

          ဖမ်းဆီးထားတဲ့ ၃ ဦးအနက် ၁ ဦးသေသွားတာကြောင့် စခန်းမှာ ရှိတဲ့ တပ်ရင်းမှူးကို ဖုန်းနဲ့ ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြတဲ့အခါမှာ “no man Land ၊ no man Land Area ကွ ၃ ယောက်လုံးကို သတ်လိုက်။ လုပ်တတ်ရင် အကောင်း တောင်ဖြစ်သေးတယ်လို့ တပ်ရင်းမှူးက ပြောတယ်”ဆိုပြီး ပြောသလို အမိန့်ကြောင့် ၃ ဦးလုံးကို သတ်ပစ်လိုက်တာလို့ ဗိုလ်ကြီးတွေက ထွက်ဆိုကြပါတယ်။

          သတ်လိုက်တဲ့ အလောင်း ၃ လောင်း ကိုလည်း လူတွေမမြင်အောင် စနစ်တကျ မြှုပ်ခဲ့ဖို့ ညွှန်ကြားခဲ့ပြီး အထက်ကို ကြေးနန်းတင်ပြရာမှာလည်း အရပ်သားတွေက သေနတ်လုတာကြောင့် ပစ်မိသွားတယ်လို့ တပ်ရင်းမှူးက တင်ပြခဲ့တာကိုလည်း ဗိုလ်ကြီးတွေက ထွက်ဆိုကြပါတယ်။

          အမှုကို ကြားနာနေကြတဲ့ အသတ်ခံရသူ မိသားစုဝင်တွေကတော့ ငြိမ်သက်ပြီး နေ့လည်ရောက်လို့ နေအပူချိန် မြင့်လာတာကိုတောင် သတိမပြုမိသလို တရားခွင်ကိုပဲ အာရုံစိုက် နေကြပါတယ်။
          အပူဒဏ်ကြောင့် ဒေါ်မဂျီခေါန်နန်ရဲ့ ရင်ခွင်ပိုက် ကလေးငယ်က ငိုလာတဲ့အခါ တပ်မတော် အရာရှိအချို့က သူတို့ အိမ်မှာ နားနေဖို့ ပြောပေမယ့် ဒေါ်မဂျီခေါန်နန်ကတော့ သွားမနားပဲ တရားခွင်နဲ့ မနီးမဝေးက သစ်ပင်ရိပ်တွေ အောက်မှာပဲ ကလေးငယ်ကို ချော့မြူနေပါတယ်။

          စစ်ခုံရုံးအဖွဲ့ဝင်တွေက ထမင်းစားချိန်နဲ့ ခဏနားချိန် တွေသာ နားပြီး အမှုကို မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ မရပ်မနား စစ်ဆေးပါတယ်။

          ထမင်းစားချိန်မှာ ဒေါ်မဂျီခေါန်နန်ရဲ့ ရင်ခွင်ပိုက်ကလေးငယ်ကို တပ်မတော်သား အချို့က ချီပြီး ချော့မြူ ထိန်းပေးနေတာကိုလည်း တွေ့ရပါတယ်။

          ဧရာဝတီက တပ်မတော်သားတွေနဲ့ စကားလိုက်လံပြောကြည့်တဲ့အခါမှာ ခမရ ၃၁၉ က တပ်မတော်အရာရှိ တဦးကတော့ “ သူတို့ကို အမှုစ စစ်ကတည်းက လစာတွေ အပြည့်မပေးတော့ဘူး။ တရားရုံးက အမိန့်ချပြီး ရင်တော့ သူတို့က တလျှောက်လုံး လုပ်ခဲ့တာတွေ အားလုံးသွားပြီ။ ချမှတ်ခံရတဲ့ ထောင်ဒဏ် ကို ကျခံရတော့မှာ”လို့ ပြောပါတယ်။

          ကချင်ပဋိပက္ခ ၆ နှစ်တာအတွင်းမှာ အရပ်သားတွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးမှာ ပွင့်လင်း မြင်သာမှု ရှိရှိ အမှုစစ်ဆေးပြီး အသတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် (KBC) က တာဝန်ရှိသူတွေ ကချင်အရပ်ဘက် အဖွဲ့အစည်း တွေ သတင်းထောက်တွေကို လာရောက် ကြားနာခွင့်ပြုတာက ပထမဆုံး ဖြစ်ပါတယ်။

          သို့ပေမယ့် အမှုစစ်ဆေးတာက တကယ်ရော ထိုက်တန်တဲ့ အပြစ်ကျခံရပါ့မလားဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူတွေက သံသယရှိနေပါတယ်။

          KBC က ဦးလဂျာကတော့ “အခုထိကတော့ အမှုစစ်တာကို အားရကျေနပ်မှု ရှိတယ်။ ဒါပမယ့် နောက်ဆုံး အမိန့်ချတဲ့ အခါဘယ်လို ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်တို့က ဆက်စောင့်ကြည့်ရမှာပါ”လို့ ပြောပါ တယ်။

          လက်ရှိမှာတော့ အမှုကို စစ်ဆေးထားချက်တွေကို ခမရ-၃၁၉ က အရာရှိတွေက အထက်ကို တင်ပြထားပြီး စီရင်ချက်အမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

          တပ်မတော်အရာရှိတဦးက “၁နှစ်အောက်ဆိုရင်တော့ တပ်အချုပ်မှာ ထားတယ်။ ၁ နှစ်ထက်ကျော်ရင်တော့ သူတို့ကို ဗန်းမော်ထောင်ကို ပို့မှာ။ ပြန်ထွက်လာရင်လည်း သူတို့က အရပ်သားဖြစ်သွားပြီ” လို့ ဆိုပါတယ်။

          ၎င်းအရာရှိရဲ့ ပြောဆိုချက်အရ ၁ နှစ်အထက် ထောင်ဒဏ်ကျခံရတဲ့ တပ်မတော်သားတွေကို အရပ်သား ထောင်တွေ ဆီ ပို့ပစ်ပြီး အရာရှိဖြစ်စေ၊ ရဲဘော်ဖြစ်စေ၊ ဆုတံဆိပ်တွေ ရရှိထားသူဖြစ်စေ ထောင်ဒဏ်ကျ ခံရတာနဲ့ တပါတည်း သူ့ရဲ့ အဆင့်ရာထူးတွေလည်း အပြီးတိုင် ရုတ်သိမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

          ဆက်လက်ပြီး ၎င်းအရာရှိက တပ်မတော်တွင်း အရာရှိတဦးဖြစ်ဖို့အတွက် အနှစ်နှစ်အလလက တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ရတာတွေ၊ စစ်သည်တော်တဦး စောင့်ထိန်းရတဲ့ သံမဏိလို ကျင့်ဝတ် စည်းကမ်း အထပ်ထပ်ကို တသွေမတိမ်း လိုက်နာခဲ့ရတာတွေ၊ ပဋိပက္ခနယ်မြေတွေမှာ အသက်အန္တရာယ်နီးနီးကပ်ကပ် ကြုံခဲ့ရ တာဝန်ထမ်းဆောင်ခဲ့ရတာတွေက အရပ်သားစစ်ဘေးရှောင်တွေကို သတ်တဲ့ အမှုကြောင့် အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်လို့ ရှင်းပြပါတယ်။

          အဲဒီအပြင် မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာလည်း ထိခိုက်ရသလို ပြစ်ဒဏ်ကျခံရမယ်ဆိုရင် မိသားစုဝင်တွေ ကလေးတွေနဲ့ ရှင်ကွဲ ကွဲရမှာလို့ ၎င်းအရာရှိက ဆိုပါတယ်။

          အသတ်ခံလိုက်ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသား ၃ ဦးရဲ့ မိသားစုဝင် အမျိုးသမီးတွေကတော့ ကလေး ငယ်တွေနဲ့ ကျန်နေခဲ့လို့ အားကိုးရာ မဲ့သလို ခံစားနေရတယ်လို့ ပြောပြကြပါတယ်။

          ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ ထောက်ပံ့ပေးထားတဲ့ ငွေတွေ ကုန်သွားတဲ့ နောက်ပိုင်း၊ ကလေးငယ် တွေ ကြီးပြင်းလာလို့ ကျောင်းပညာရေး ထောက်ပံ့ရမယ့် ကာလတွေအတွက် ဘယ်လို အလုပ်လုပ်ပြီး ရှာဖွေ ကျွေးမွေး ပံ့ပိုးရမယ်ဆိုတာကို စဉ်းစားမရအောင် ဖြစ်နေတယ်လို့ အသတ်ခံရသူ ၃ ဦးရဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

          ဒေါ်မဂျီခေါန်နန်ကတော့ “သူတို့ ပြစ်ဒဏ်ကျခံရမယ်ဆိုလည်း ဒါသူတို့ ကျမတို့ ယောင်္ကျားတွေကို သတ်လို့ ပြန်ခံ ရတာလေ။ ကျမနဲ့ ကလေးတွေအတွက်ကတော့ တဘဝလုံးစာ ဆုံးရှုံးသွားတာ ဘာမှပြန်မရတော့ဘူး” လို့ ပြောပါတယ်။

          Your Thoughts …
          Tags: စစ်ဘေးရှောင်ဒေါ်မဂျီခေါန်နန်
          နန်းလွင်နှင်းပွင့်

          နန်းလွင်နှင်းပွင့်

          ဧရာဝတီ

          Similar Picks:

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          by Matthew B. Arnold
          20 November 2023
          11.9k

          ၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          by ဧရာဝတီ
          1 December 2023
          7.1k

          ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

          စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ

          စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ

          by ဧရာဝတီ
          21 July 2023
          5.9k

          စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်နှင့် ထောက်ပို့ယာဉ် ၂၇ စီး ပါဝင်သည့် စစ်ကြောင်းတခုသည် ဆောမြို့မှ ကန်ပက် လက်မြို့နယ် ကျင်ဒွေးမြို့သို့ လက်နက်ခဲယမ်းနှင့်ရိက္ခာထောက်ပို့ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အင်အား ၁၀၀ ကျော် ပါဝင်သည့် စစ်ကြောင်းတကြောင်းသည် ဆောမြို့နယ်မှကန်ပက်လက်မြို့သို့...

          မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

          မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

          by ဧရာဝတီ
          10 October 2023
          5.8k

          စစ်ကောင်စီ၏လုပ်ရပ်သည် လူအစုလိုက်သေဆုံးစေသော စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်အား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးအရေးယူသင့်ကြောင်း KIA ဘက်က ဆိုသည်။

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          by ခင်နဒီ
          22 November 2023
          2.9k

          ရှေ့တန်းစစ်မျက်နှာမှ ကျန်းမာရေးလုပ်သားများကို အလေးထား မှတ်တမ်းတင်ခြင်းသည် မခင်စန္ဒာညွန့်အတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နည်းလမ်းတခုဖြစ်သည်။

          လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

          လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

          by ဧရာဝတီ
          21 November 2023
          1.9k

          လေကြောင်း ဗုံးကြဲမှုများ ဆက်တိုက်ကြုံတွေ့နေရသည့်အတွက် ကယား ပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်မှာ မြို့အား စွန့်ခွာတိမ်းရှောင်နေသည်။

          Next Post
          ရခိုင် အမျိုးသား ပါတီ(ANP) ရုံး  / ဒေါင်းမာန်ဟုန်

          ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအစည်းအဝေး စစ်တွေမြို့တွင် ကျင်းပမည်

          အင်္ဂါနေ့က နယူးယောက်မြို့မှာ တွေ့ရတဲ့ ဆယ်လီနာဂိုးမက်ဇ် / hollylife.com

          အတွင်းခံမပါတဲ့ ဖက်ရှင်နဲ့ ဆယ်လီနာဂိုးမက်ဇ်

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          16.4k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          12.4k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved