• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ဒေါက်ဖိနပ်ဝတ် ဖိုက်တာမမ

by တင်ထက်ပိုင်
29 October 2017
in Women & Gender
A A
မေရှဲလ်သည် Myanmar Women’s Self Defense Center ၏ ပူးတွဲတည်ထောင်သူနှင့် ဦးဆောင်နည်းပြတယောက် ဖြစ်သည်/ တင်ထက်ပိုင်/ဧရာဝတီ

မေရှဲလ်သည် Myanmar Women’s Self Defense Center ၏ ပူးတွဲတည်ထောင်သူနှင့် ဦးဆောင်နည်းပြတယောက် ဖြစ်သည်/ တင်ထက်ပိုင်/ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့လယ် ရှော့ပင်းမောတခုရှိ အားကစားခန်းမငယ်တခုတွင် အားကစားဝတ်စုံ သို့မဟုတ် ပွလျောင်းသော အဝတ်အစားများ ဝတ်ထားသည့် အမျိုးသမီး ဆယ်ယောက်ခန့်သည် နှစ်ယောက်တတွဲတွဲကာ မြေပြင်တွင် အချုပ်ခံထားရစဉ် လွတ်အောင်ရုန်းထွက်သည့် လေ့ကျင့်ခန်းတခုကို အစမ်းလေ့ကျင့်နေကြသည်။ ၎င်းတို့ လေ့ကျင့်နေကြသည်ကို ဂျင်းဘောင်းဘီနှင့် ဖန်စီစတိုင်အကျီင်္ကို ဖက်ရှင်ကျကျ ဝတ်ထားသည့် အမျိုးသမီးတဦးက ကြီးကြပ်နေသည်။

သင်တန်းချိန်တွင် နည်းပြတဦးဖြစ်သူ မေရှဲလ်ကို မိတ်ကပ်ဖီးလိမ်း ပြင်ဆင်လျက် မြင်ရခြင်းက သင်တန်းသူများအတွက် အထူးအဆန်းတော့ မဟုတ်ပါ။ မေရှဲလ်သည် မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း (Myanmar Women’s Self Defense Center) ၏ ပူးတွဲတည်ထောင်သူနှင့် ဦးဆောင်နည်းပြတယောက် ဖြစ်သည်။ သင်တန်းတွင် အမျိုးသမီးများနှင့် သက်ဆိုင်သည့် ဥပဒေရေးရာ ကိစ္စများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံပညာများ သင်ကြားပေးကြောင်း သိရသည်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
804
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
9.8k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.4k
လက်ဝှေ့သင်တန်းတွင် မေရှဲလ် လေ့ကျင့်ခန်း ဆင်းနေစဉ်/ တင်ထက်ပိုင်/ဧရာဝတီ

မေရှဲလ်သည် ဓာတ်ပုံမော်ဒယ်တဦးလည်း ဖြစ်သည်။ ကိုယ်လုံပညာသင်တန်းတခု၏ သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားများကို သင်တန်းပြီးစီးကြောင်း လက်မှတ် ပေးရန်အတွက် ဓာတ်ပုံရိုက်ကွင်းတခုမှ သင်တန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“လှတာကို အရမ်းကြိုက်တယ်။ မိတ်ကပ်ပြင်ရတာကိုလည်း ကြိုက်တယ်…တချိန်တည်းမှာလည်း ဒီလို Fight နေရတာကို ကြိုက်တယ်။ အဲဒီနှစ်ခုကြားထဲမှာ သဟဇာတဖြစ်ဖို့ တော်တော်ခက်တယ်” ဟု မေရှဲလ်က ဧရာဝတီကို ပြောပြသည်။

အသက် ၂၄ နှစ် ရှိပြီဖြစ်သည့် မေရှဲလ်သည် ကိုယ်ကာယကြံ့ခိုင်စေရန်နှင့် မိမိကိုယ်ကို ခုခံကာကွယ်တတ်စေရန်အတွက် အသက် ၁၇ နှစ် အရွယ်ကတည်းက မြန်မာ့လက်ဝှေ့ကို ရန်ကုန်မြို့ YMCA လက်ဝှေ့သင်တန်းတွင် တက်ရောက်သင်ကြားခဲ့သည်။

မေရှဲလ်၏ သင်တန်းတွင် လေ့ကျင့်နေသူများ/ တင်ထက်ပိုင်/ဧရာဝတီ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုအဖြစ် ပထမဆုံးကြုံခဲ့ရသော အဖြစ်အပျက်မှာ မေရှဲလ် ဆယ်ကျော်သက်အရွယ်က ဖြစ်သည်။ ရန်ကုန်မြို့၏ ဘတ်စ်ကားတစီးပေါ်တွင် အမျိုးသားခရီးသည်တဦးက အနားတိုးကပ်လာပြီး သူ၏ လိင်အင်္ဂါဖြင့် မေရှဲလ်၏ ကိုယ်နောက်ပိုင်းကို ပွတ်တိုက်ခဲ့သည်။ ထိုအချိန်က ယင်းလုပ်ရပ်သည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတခု ဖြစ်သည်ကို မေရှဲလ် နားမလည်ခဲ့သည့်အတွက် မည်သူ့ကိုမျှလည်း ယင်းအဖြစ်အပျက်အကြောင်း မပြောဖြစ်ခဲ့ပါ။

တက္ကသိုလ်တက်သည့်အခါ ဘတ်စ်ကားပေါ်တွင် အမျိုးသားများက သူ့ကို ကိုယ်ထိလက်ရောက် ထိကပါးရိကပါး ပြုလုပ် ခြင်း၊ လမ်းပေါ်တွင် ရိသဲ့သဲ့ ပြောဆိုခြင်းများ ကြုံတွ့ခဲ့ရခြင်းကြောင့် သူ၏ ယုံကြည်မှုများ ပျောက်ဆုံးခဲ့ရပြီး အပြင်ထွက်ရန် ပိုကြောက်လာခဲ့သည်။

မေရှဲလ်၏ အကိုများက ယင်းသို့ ဖြစ်ရခြင်းမှာ မလိုလားအပ်သည့် အာရုံစိုက်မှုကို ဆွဲဆောင်နေသော သူမ၏ ဝတ်စားဆင်ယင်ပုံကြောင့်ဟု သူမကို အပြစ်တင်သည်။ သူမ၏ အပြစ်မဟုတ်ကြောင်း မေရှဲလ်ကိုယ်တိုင် သိသော်လည်း မည်ကဲ့သို့ တုန့်ုပြန်ရမည်ကို မသိခဲ့ပါ။ သူငယ်ချင်းများကလည်း သူမကို အကြံမပေးနိုင်ခဲ့ပါ။

လက်ဝှေ့သင်တန်းတွင် မေရှဲလ် လေ့ကျင့်ခန်း ဆင်းနေစဉ်/ တင်ထက်ပိုင်/ဧရာဝတီ

“ငါ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ခဲ့လို့ ပြန်မပြောနိုင်ခဲ့လို့ ဆိုတာ တွေးမိတယ်။ ပြောတယ်ဆိုရင်ကော ဘာဆက်ဖြစ်မလဲ။ သူတို့တွေက ဘယ်လို တုံ့ပြန်ကြမှာလဲ။ ဘေးနားက လူတွေပါ ပါလာရင်ကော၊ ဘယ်သူမှ မရှိတဲ့အခါ ဆိုရင်ကော…” ဟု မေရှဲလ်က မေးခွန်းထုတ်သည်။

“လက်ဝှေ့ဆော့တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရလာတယ်။ ငါလုပ်နိုင်တယ်၊ ငါ့ကိုယ်ငါ စောင့်ရှောက်နိုင်တယ် ဆိုတဲ့စိတ်မျိုး ဝင်လာတယ်” ဟု မေရှဲလ်က ပြောပြသည်။

“ကိုယ်လုပ်နိုင်တယ်” သို့မဟုတ် “ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်” ဆိုသည့် အတွေးများက အမျိုးသမီးများ၊ မိန်းကလေးငယ်များအတွက် အင်မတန် အရေးကြီးကြောင်း မေရှဲလ်က ဆိုသည်။ စော်ကားနှောင့်ယှက်မှုများ ကြုံလာရသည့်အခါ မိမိကိုယ်ကို မည်ကဲ့သို့ ကာကွယ်ခုခံရမည်ကို သိထားခြင်းကသာ မှန်ကန်သော နည်းလမ်းဖြစ်ပြီး ကာကွယ်ပေးသည်ဟုဆိုကာ အိမ်ထဲတွင် လှောင်ပိတ်ထားခြင်းသည် နည်းလမ်းမကျသည့် ဖြေရှင်းပုံ ဖြစ်သည်ဟု ဆိုသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုအမျိုးမျိုးကို အမျိုးသမီးများ ပိုမိုနားလည်လာစေနိုင်ရန်နှင့် မိမိကဲ့သို့ ကြုံတွေ့ရသူများအတွက် မည်ကဲ့သို့ တုံပြန်ဆောင်ရွက်သင့်ကြောင်း အသိရှိအောင် ဆောင်ရွက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်းတွင် နည်းပြအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မေရှဲလ်က ပြောသည်။
ယခုနှစ်ပိုင်းတွင် ရဲတပ်ဖွဲ့ကို တိုင်ကြားသည့် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ တနှစ်ထက်တနှစ် တိုးလာနေခြင်းက အမျိုးသမီးငယ်များကို တယောက်တည်း အပြင်ထွက်ရန် ပိုမိုကြောက်ရွံ့လာစေသည်ဟု မေရှဲလ်က ပြောသည်။

မြို့များတွင် လုံခြုံမှု ကင်းမဲ့နေခြင်းနှင့် ထိရောက်မှု မရှိသော ဥပဒေ နည်းလမ်းများက နှောင့်ယှက်စော်ကားမှုများကို အမျိုးသမီးများ တိုင်ကြားနိုင်စေရေးအတွက် အတားအဆီး ဖြစ်နေချိန်တွင် အမျိုးသမီးများ အချင်းချင်းကြားတွင် မည်သည့် ကိစ္စမျိုးကိုမဆို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်စေရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဝေမျှပေးနိုင်ရန် မေရှဲလ်သည် မြန်မာအမျိုးသမီး နှစ်ဦးနှင့်အတူ ယင်းသင်တန်းကို ပူးတွဲတည်ထောင်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။

မေရှဲလ်သည် ဓာတ်ပုံမော်ဒယ်တဦးလည်း ဖြစ်သည်/ Nyi Min San/ Supplied

“အမျိုးသမီးအများစုက သူတို့မှာ ဘယ်လိုအခွင့်အရေးတွေ ရှိလဲ၊ ဘယ်လိုတရားစွဲရမလဲဆိုတာ မသိဘူး။ ဘယ်လိုတိုင်တောရမှန်းလည်း မသိဘူး။ အဲဒီလို မသိတဲ့အတွက် သိအောင် စင်တာမှာ မျှဝေပေးတာပါ” ဟု မေရှဲလ်က ပြောသည်။

အသက် ၁၉ နှစ်ကတည်းက အလှမယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲများတွင်လည်း ကိုယ်ခံပညာကို စွမ်းရည် (Talent) တခုအဖြစ် ပြသခဲ့သည်။ အလှမယ်ပြိုင်ပွဲ ၃ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အလှမယ်သရဖူအတွက် ယှဉ်ပြိုင်ခြင်းသည် သူမအတွက် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ စိန်ခေါ်မှုတခု ဖြစ်သည်ဟု မေရှဲလ်ကပြောသည်။

အလှမယ် သို့မဟုတ် Miss တယောက်ဖြစ်လာခဲ့ပါက အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ အပါအဝင် အမျိုးသမီးများအရေးနှင့် ပတ်သက်ပြီး လူအများပိုမိုအာရုံစိုက်လာစေရန် အသိပညာပေးနိုင်မည့် လမ်းကြောင်းတခု ရလာလိမ့်မည်ဟု မေရှဲလ်က ယုံကြည်သည်။

အကို လေးယောက် ၊ ညီအမ နှစ်ယောက်တို့နှင့်အတူ ကြီးပြင်းခဲ့ရသော မေရှဲလ်က ကျား/မ တန်းတူ ညီမျှမှုသည် မိသားစုတွင် အခြေခံသည်ဟု ဆိုသည်။ ဖခင်ဖြစ်သူသည် သူမအပါအဝင် သားသမီးအားလုံးကို ကျား/မ မခွဲခြားဘဲ တန်းတူဆက်ဆံခဲ့သည့်အတွက် ကျေးဇူးတင်ရသည်ဟု ပြောသည်။

သို့သော်လည်း တစုံတယောက်၏ ကိုယ်ပိုင်အခွင့်အရေးဆိုသည်မှာ အခြားသူများက ပေးခြင်း၊ မပေးခြင်းမျိုး မဟုတ်ဘဲ ပင်ကိုအခွင့်အရေးသာ ဖြစ်ကြောင်း သူမက ဆိုသည်။
“အမျိုးသမီးတွေအနေနဲ့ သူတို့ (အမျိုးသားတွေ) ပေးမှ ရတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်အခွင့်အရေးတွေ ရှိတယ်။ ကိုယ့်ဘာသာလည်း ရအောင်ယူပြရတယ် ဆိုတာကိုလည်း ပိုပြီးသိစေချင်တယ်” ဟု မေရှဲလ်က ပြောသည်။

Your Thoughts …
Tags: မေရှဲလ်အမျိုးသမီးအားကစား
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

by ဧရာဝတီ
27 March 2025
8.1k

ဖြစ်စဉ်မှာ ယခုလ ၂၄ ရက်က စက်ရုံအမှိုက်ပုံး၌ လစဉ်သုံးပစ္စည်း စွန့်ပစ်သဖြင့် အမျိုးသမီးအလုပ်သမား ၄၀ ကျော်ကို CCTV တပ်ထားသော နေရာ၌ ဓမ္မတာလာမလာ တဦးချင်း လုံခြည်လှန်၍ စက်ရုံမှ တာဝန်ရှိ အမျိုးသမီးတဦးက ကာယအိန္ဒြေပျက်သည့်အထိ...

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.7k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

by ဧရာဝတီ
9 August 2023
7.2k

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ နှော်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေချိန် စကားပြောရယ်မောသည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်က ခေါ်ယူရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
5.3k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

Next Post
ခေတ်ပြိုင် အမျိုးသမီး ဂရပ်ဖတီ အနုပညာရှင် ၁၀ ဦး

ခေတ်ပြိုင် အမျိုးသမီး ဂရပ်ဖတီ အနုပညာရှင် ၁၀ ဦး

(ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ)

ကမ္ဘာ့ရှေးအကျဆုံး လူတို့ ဖန်တီးတည်ဆောက်တဲ့အဆောက်အဦးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.3k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate