Women & Gender

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ

Want create site? Find Free WordPress Themes and plugins.

၁၉၉၁ ခုနှစ်ဖွား ကဗျာဆရာမ မယ်ယွေးဟာ  မြန်မာနိုင်ငံရဲ့ တောင်စွန်းစွန်းမှာ ရှိတဲ့ အက်ဒမန် ပင်လယ် ထဲက ကမ်းရိုးတန်းမြို့တခုဖြစ်တဲ့ မြိတ်မြို့က ဖြစ်ပါတယ်။

မယ်ယွေးဟာ ဆရာဇေယျာလင်း သြဇာလွှမ်းမိုးထားတဲ့ ခေတ်ပြိုင် ဘာသာဗေဒစကား အခြေပြု ကဗျာ ကို ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်း ကဗျာဆရာမငယ်တွေထဲက တဦးလည်း ဖြစ်ပါတယ်။

မေး။ ။ ရန်ကုန်ကို ဘယ်တုန်းက ပြောင်းလာတာလဲ

ဖြေ။ ။ ကျမ အသက် ကိုးနှစ်မှာ မိသားစုက ရန်ကုန်ကို ပြောင်းလာကြတယ်။ ကျမအတွက်တော့ ယဉ် ကျေးမှု အပြောင်းအလဲဒဏ် ခံရခဲ့တယ်။ ကျမတို့ မြိတ်လေသံကို လူတွေက ရယ်ကြတယ်။ သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက်က လွဲပြီး ကျန်တဲ့လူတွေကို စကားမပြောရဲခဲ့ဘူး။ ဒီနေ့အချိန်ထိလည်း လူကြားထဲမှာ စကားမပြောရဲဘူး။ လူကြားထဲမှာ ကဗျာရွတ်တဲ့အခါ အခုအချိန်ထိ တကိုယ်လုံးတုန်လာပြီး ကြောက်တုန်းပဲ။

မေး။ ။ ကဗျာတွေကို ဘယ်အချိန်မှာ စရေးခဲ့တာလဲ

ဖြေ။ ။ ဆယ်ကျော်သက်ကတည်းက။ မဂ္ဂဇင်းထဲမှာ ကဗျာတပုဒ် ဖတ်လိုက်ရပြီဆိုရင် ကိုယ်လည်း ချရေး လိုက်ချင်စိတ်တွေ ဖြစ်လာရော။ ဘယ်လိုမျိုး ရေးရမယ် ဆိုတာကို လေ့လာဖို့ လိုတယ်ဆိုတာ မသိခဲ့ဘူး။

ကိုယ့်ရဲ့ ခံစားချက်တွေကိုပဲ ချရေးခဲ့မိတာ။ ဒါပေမယ့် တခုခုကိုပဲ ချရေးလိုက်ချင်လို့ မရဘူးလေ။ ဖန်တီးဖို့ လည်း လိုသေးတယ်။ ကဗျာက ရေးစပ်လိုက်မှသာ လှလာမှာ။ ပြီးတော့ ကဗျာတခုတည်း မဟုတ်ပါဘူး။

ဥပမာ ဟင်းချက်တာဆိုရင်လည်း အနုပညာတခုပဲ။ ချက်တာနဲ့ ဟင်းချက်ပစ္စည်းတွေကို ပေါင်းစပ်တာ က လည်း ဖန်တီးမှု တခုပဲ။ အနုပညာတခုပဲ။ အစိတ်အပိုင်းအားလုံးကို လေ့လာသင့်တယ်။

တခြား ပစ္စည်းတခုကို ထည့်လိုက်တဲ့အခါ ကြက်သွန်နီ တလုံးရဲ့ အရသာက ဘယ်လိုဖြစ်သွားလဲ ဒါကြောင့် ကဗျာတပုဒ်ကို ဖန်တီးတော့မယ် ဆိုရင် တခြား ကဗျာတွေကိုလည်း သိဖို့ လိုအပ်ပါတယ်။

အနုပညာက တန်ဖိုးမရှိတဲ့ အရာတခု၊ အသုံးမကျတဲ့ သူတွေပဲ လုပ်တာ၊ အနုပညာကိုပဲ စွဲလုပ်မယ် ဆိုရင် ကြာရင် ငတ်မှာပဲ ဆိုတာမျိုးကို ကျောင်းတွေမှာ သင်ရတယ်။ ငယ်ရွယ်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေ အတွက် သူတို့ ပေးချင်တဲ့ သဘောတရား ကတော့ အဲ့ဒါပဲ။ ကျမက ကဗျာတွေကို ရေးချင်ခဲ့တယ်။

ဒါပေမယ့် ကျမ သူငယ်ချင်း တယောက်ကမှ ကဗျာကို စိတ်မဝင်စားခဲ့ဘူး။ ကဗျာကို ကျောင်းမှာ သင်ရတယ်။ ဒါပေမယ့် ဘယ်သူကမှ တလေးတစား မရှိခဲ့ဘူး။

မေး။ ။ နိုင်ငံရေးကရော

ဖြေ။ ။ လူငယ်တွေ နိင်ငံရေးကို လျစ်လျှူရှု့အောင် စစ်အစိုးရ လုပ်ခဲ့တယ်။ သူငယ်ချင်း တော်တော် များများက အခုအချိန်အထိ နိုင်ငံရေးကို လုံးဝကို စိတ်မဝင်စားသေးဘူး။
အခု ဒီမိုကရေစီအစိုးရသစ်နဲ့ ဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးကတော့ ပေါ်ပြူလာဖြစ်လာပြီး နေရာတိုင်း မှာတော့ ကြားရတာပေါ့။ အခုတော့ တချို့က နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ တချို့က စိတ်မဝင်စားဘူး။ ကမောက်ကမဖြစ်နေတဲ့ အချိန်ပါပဲ။

တက်တူးတွေနဲ့ ပြည့်နေတဲ့ မယ်ယွေးရဲ့အရေပြားပေါ်မှာ သူ့ရဲ့ခုခံခြင်းကို ဝတ်ဆင်ထားတယ်။ တက်တူးတွေ ကို အသက်လေးနှစ်၊ ငါးနှစ်လောက် အရွယ်ကတည်းက ကြိုက်ခဲ့တာ။ ဒါပေမယ့် အသက်နှစ်ဆယ်ထဲ ရောက်မှ တက်တူးစထိုးဖို့သတ္တိရှိလာတာ။

လူတော်တော်များများက တက်တူးရှိတဲ့ လူတွေအပေါ် ဆိုးဆိုးရွားရွားကြည့်ကြတယ်။ တချို့လူတွေက ကျမ မှာ တက်တူးတွေ ရှိရုံတင်မကဘူး ယောကျ်ားတွေ လုပ်တဲ့ဘာမဆို လုပ်နိုင်တယ်ဆိုတာကို ပြဖို့အတွက် တခြားကိစ္စတွေဖြစ်တဲ့ သောက်စားတာနဲ့ ဆေးလိပ်သောက်တာကိုလည်း လုပ်တယ်လို့ ထင်ကြတယ်။

ဒါပေမယ့် ကျမစိတ်ထဲမှာတော့ ကျား၊မ ကွဲပြားတာကို ရှိတောင် မရှိဘူး။ ကိုယ်လုပ်ချင်လို့၊ ကိုယ်ကြိုက် လို့ကို လုပ်တာ။

မေး။ ။ မယ်ယွေးရဲ့ အချစ်ရေးမှာကော အဲ့ဒီလိုမျိုး အလားတူတဲ့ လွတ်လပ်မှုကို ရှာနေတာလား

ကိုယ်နဲ့ အဆင်ပြေတယ်ဆိုရင် ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဘယ်သူနဲ့မဆို အဆင်ပြေမှာပဲ။ အခု လော လောဆယ်တော့ မိန်းကလေးတွေကို ပိုကြိုက်တယ်။ သူတို့က အချစ်ရေးမှာ ပိုအဆင်ပြေ တယ်။

ပတ်ဝန်းကျင်က လူတွေကတော့ မိန်းကလေးတွေနဲ့ တွဲတာက ရွံစရာကောင်းတယ်၊ သဘာဝကို ပြောင်းပြန်ဖို့ မကြိုးစားနဲ့လို့ ပြောကြတယ်။ ဆိုတော့ ကျမက သူတို့ကို မေးတယ်။သဘာဝဆိုတာ ဘာလဲ၊ ကိုယ့်မှာ ရွေး ချယ်ပိုင်ဖွင့်ရှိတယ်။

တခြား လူတွေ လုပ်တာကိုပဲ လိုက်လုပ်မယ်ဆိုရင် ဘဝမှာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကိုယ့်ဘဝနဲ့ ကိုယ်၊ ကိုယ့်တည်ရှိမှုနဲ့ ကိုယ်ပဲ။ ကိုယ့်ရဲ့ အတွေးအခေါ်တွေနဲ့ပဲ ကိုယ် ဆက်သွားရမှာပဲ။ မဟုတ်ဘူးဆိုရင်တော့ စစ်အစိုးရခေတ်မှာပဲ နေခဲ့လိုက်တော့။

မေး။ ။ အသက်မွေးဝမ်းကျောင်းဖို့အတွက် ဘာလုပ်လဲ

ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထိ လေကြောင်းလိုင်း ဧည့်ဝန်ဆောင်မှု အေးဂျင့်အနေနဲ့ လုပ်ခဲ့တယ်။ အိမ်ပြန် ရောက်တဲ့ အခါမှာ အလုပ်ကိစ္စတွေ တင်မကဘဲ စိတ်မကျေနပ်မှုနဲ့ ဒေါသတွေက ခေါင်းထဲရှိနေ တုန်းပဲ။
စာဖတ်လို့လည်း မရဘူး၊ စာရေးလို့လည်း မရဘူး။ အဲဒီ့နှစ်နှစ်အတွင်း စုဖြစ်တာဆိုလို့ ပိုက်ဆံနဲ့ စာရွက် အလွတ် တွေပဲရှိတယ်။ ကဗျာလည်း မရှိ။ စဉ်းစားမိတာလည်း မရှိ။ အဲဒါကြောင့် ထွက်လိုက်တယ်။ တခြား တခုခုကိုပဲ ရှာတော့မယ်။

မေး။ ။ ကဗျာက မယ်ယွေးဘဝရဲ့ ဘယ်နေရာမှာ ရှိလဲ

ဖြေ။ ။ ကဗျာက အရေးအကြီးဆုံးအရာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကဗျာက ကျမနဲ့ အံကျတယ်။ ကဗျာ မရေးနိုင်တော့ဘူးဆိုရင် ကျမ စိတ်ဓာတ်ကျလာပြီး နေထိုင်ဖို့ မျှော်လင့်ချက်တွေ ရှိတော့မှာ မဟုတ်ဘူး။
ကဗျာက ကျမပဲ။ ကျမထဲမှာကို ရှိနေတာ။ ဒါကြောင့် ကျမ အသက်ဆက်နေသရွေ့ ကဗျာကလည်း အသက် ဆက်နေမှာပဲ။ ကျမ မရှိတော့ရင် ကဗျာဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။

Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့  ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” 

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ 

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

Did you find apk for android? You can find new Free Android Games and apps.
Loading