Women & Gender

မြန်မာအိမ်အကူ မညိုညိုအေးအတွက် တရားကို နတ်စောင့်တော့မလား

Want create site? Find Free WordPress Themes and plugins.

မြန်မာအိမ်အကူ မညိုညိုအေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ လပ်ဘူရီခရိုင်၊ ဘန့်ပုန်းဒေသမှာရှိတဲ့ ထိုင်းအလုပ်ရှင်ရဲ့ နေအိမ်ကို နယ်မြေခံရဲတပ်ဖွဲ့နဲ့အတူ စစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်ခဲ့ရာမှာ သံသယြ ဖစ်စရာချက်တွေ ထပ်မံတွေ့ရှိရပေမယ့် အသေးစိတ်စစ်ဆေးနေဆဲ ဖြစ်တယ်လိုု့ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အလုပ်သမားမဟာမိတ်အဖွဲ့ (AAC) က အထွေထွေ တာဝန်ခံ ကိုုရဲမင်းက နိုဝင်ဘာလ ၇ ရက်က ပြောပါတယ်။

ကိုရဲမင်းက “အလောင်းကိုု ဆံပင်တွေရိတ်ပြီးတော့ ကျည်ဆံဝင်တာတွေကိုု သေချာစစ်ဆေးပြီးပြီ။ မုဒိမ်းကျင့်ခံရမှု ရှိ၊ မရှိလည်း စစ်ဆေးထားတယ်။ ဒါပေမဲ့ အဖြေတော့ မပေးသေးဘူး။ သေချာတဲ့ အဖြေတခုတော့ ရတယ်။ ကျည်ဆံက အရင်ရဲသုံးသပ်ချက်က ညာဘက်ကဝင်တာတဲ့။ အခု ဒီထိုင်းအမျိုးသားရဲဆေးရုံ စစ်ချက်ထွက်လာတာက ကျည်ဆံက ဘယ်ဘက်က ဝင်တယ်တဲ့။ အတိအကျတော့ ရဲတွေက မပြောသေးဘူး” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောပုလောက်မြို့နယ်ခွဲ၊ ကထောင်းနီကျေးရွာမှ သြဂုတ်လ ၆ ရက်က ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ အိမ်အကူ မိန်းကလေးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ထိုင်းအလုပ်ရှင်နေအိမ်မှာ သေဆုံးခဲ့ပြီး အစောပိုင်းက နယ်မြေခံခရိုင်ရဲတပ်ဖွဲ့က ကိုယ့်ကိုကိုယ် သတ်သေကြောင်း အတည်ပြုကာ အမှုကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

နိုုဝင်ဘာလ ၂ ရက်က မညိညိုအေးရဲ့ ဂူသွင်းသဂြိုလ်ထားတဲ့ ရုပ်အလောင်းကိုု ပြန်လည်ဖော်ထုတ်ခဲ့ကာ ထိုင်းအမျိုးသား ရဲဆေးရုံမှာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြန်လည်ပြုလုုပ်နေတယ်လို့ သိရပါတယ်။

မညိုညိုအေး သေဆုံးမှုနဲ့ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ဖို့ သံသယရှိတဲ့ အချက် ၂၀ ကျော်ကိုုလည်း အစီရင်ခံစာ ရေးသားပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI)၊ မှုခင်းဆိုင်ရာဌာနဗေဒ စစ်ဆေးရေးအဖွဲ့များအပါအဝင် အဓိကနေရာ ၅ ခုကို သေဆုံးသူရဲ့မိသားစုဝင်များ၊ မြန်မာသံရုံးနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူများက နိုဝင်ဘာ၂၃ ရက်က သွားရောက်ပေးပို့ခဲ့ကြပါတယ်။

“ဒီအမှုအပေါ်မှာ သံသယရှိတဲ့ အချက် ၂၀ ကျော်ကို ထိုင်းဘာသာနဲ့ မြန်မာဘာသာ၊ ၂ ဘာသာ ရေးထားတာပါ။ ဒါကို DSI ဘက်ကလည်း တကယ်လှိုက်လှိုက်လဲှလဲှ ကြိုဆိုလက်ခံပါတယ်။ အကြံဉာဏ်လည်း ပေးပါတယ်။ ထိုု့အတူပဲ ထိုုင်းတော်ဝင်ရဲတပ်ဖွဲ့ကလည်း ဒါကိုု သေချာအကြံဉာဏ်ပေးပြီးတော့ ဆက်လက်ဆောင်ရွက်ဖိုု့အတွက် အားပေးပါတယ်။ သူတို့ဘက်က စာကို လက်ခံရရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်အပေါ်မှာ အကြောင်းပြန်မယ်ဆိုတဲ့ အကြောင်းကိုု ပြန်စာပေး လိုက်ပါတယ်” လို့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
အလုပ်သမားရေးဆိုင်ရာ မြန်မာသံအရာရှိက ဒီအမှုကို အမှန်အတိုင်း ထိုင်းဥပေဒအရ ဆောင်ရွက်ပေးဖို့ စာပေးပို့ခဲ့တာပါ။ သက်ဆိုင်ရာ ဌာနတွေဘက်ကလည်း စာကို လက်ခံရရှိပြီးဖြစ်ကာ စစ်ဆေးတွေ့ရှိချက် တွေကိုု အကြောင်းပြန်ပါမယ်လို့ တရားဝင် အကြောင်းပြန်စာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ်က သေဆုံးသူအနီးမှာ ကျည်ဆံခွံ ၂ ခုု တွေ့ရပြီး သေဆုံးသူဟာ ဇစ်ပိတ်ထားတဲ့ အိတ်အ တွင်းက သေနတ်ကို ထုတ်ယူခဲ့ပါတယ်လို့ ပြောဆိုခဲ့ပေမယ့် အိတ်ကိုစစ်ဆေးရာမှာတော့ လက်ဗွေရာ မတွေ့ခဲ့ရတဲ့ အချက်အပါအဝင် သေဆုံးတဲ့နေ့မှာ မိသားစုဝင်များ သွားရောက် တွေ့ခွင့်မရခြင်း၊ ရဲစခန်းမှာ မိသားစုဝင်များမပါဘဲ အမှုကို ပိတ်သိမ်းလိုက်ပါတယ်။

အဲဒီအပြင် ဆေးရုံုမှာ အလောင်းကို အချိန်ကြာမထားဘဲ ထိုင်းနယ်စပ်မှာရှိတဲ့ သေဆုံးသူရဲ့ ဆွေမျိုးများ ရှိရာကို အမြန်ပို့လိုက်ခြင်း၊ သင်္ဂြိုလ်ခွင့်ပြုမိန့် ပါမလာခြင်း၊ သေဆံုံးသူရဲ့ သေမှုသေခင်းမှတ်တမ်းများ မတွေ့ရခြင်း စတဲ့အချက်တွေ အပါအဝင် သံသယဖြစ်စရာ အချက်ပေါင်း ၂၀ ကျော်ကို တင်ပြထားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့်က “ကျည်ခွံ ၂ ခု က သေတဲ့လူ အနားမှာ တွေ့တယ်။ ထိုုင်းရဲတွေ သတင်းစာ ရှင်းလင်းပွဲပြောတာက ပထမကျည်ဆံတခုက စမ်းသပ်တယ်လိုု့ ထင်တယ်။ နောက်ကျည်ဆံက ခေါင်းကို ပစ်တယ်လို့ ပြောတယ်။ ဒါက ကိုယ့်ကိုကိုယ် သတ်သေမယ့် လူတယောက် ဒီလောက်အားပြင်းတဲ့ ၉ မမ သေနတ်ကိုု အရင်ဆုံး စမ်းသပ်ပစ်တာတိုု့၊ ပြီးတော့မှ ကိုယ့်ခေါင်းကို ပစ်တာတို့ဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ အချက်တချက်တွေ့ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “သေဆုံးတဲ့ ကလေးမလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင် သူနေတဲ့ အခန်းမှာတင် ဆွဲကြိုးချသေတာတို့ ဘာတို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ အပေါ်ထပ်မှာ အိမ်ရှင်သူဌေးမနဲ့ သူ့သမီးနဲ့ သူရှိတယ်။ သေနတ်ယူပြီး၊ အောက်ပြန်ဆင်းလာပြီး ကိုယ့်ကိုကိုယ်ပစ်တယ်ဆိုတဲ့ အချက်က လည်း သံသယရှိတဲ့အချက်ပါ။ နောက်တခုက ဒီသေနတ်က ဇစ်ပါတဲ့ အနက်ရောင်လေးထောင့်အိတ်ထဲ ထည့်ထားတယ်လိုု့ ပြောပါတယ်။ ဒီအိတ်ကို စစ်ဆေးတဲ့အခါမှာ ဘယ်သူ့ရဲ့ လက်ဗွေရာကိုမှ မတွေ့ဘူးဆိုတဲ့အချက်၊ ဒါက အကြမ်းဖျင်းပြောလိုု့ရတဲ့ ထင်ရှားတဲ့အချက်တွေပါ” လို့ ၎င်းက ပြောပြပါတယ်။

သေဆုံးတဲ့အချိန်မှာ ကာယကံရှင် သေသူရဲ့ မိဘနဲ့အစ်မတွေက လာခဲ့မယ်လို့ပြောဆိုခဲ့သော်လည်း ထိုင်းသူဌေးမက ရဲတွေရှုပ်နေတယ်ဆိုကာ မလာခိုင်းကြောင်း၊ ဒါတွေတင်မကဘဲ ရဲစခန်းမှာ အမှုဖွင့်ပြီးတဲ့အချိန်မှာလည်း ရဲစခန်းကိုု သွားဖို့အတွက် မခေါ်ဘဲ သေတဲ့သူဘက်က ဆွေမျိုးသားချင်း တယောက်မှ မရှိဘဲနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုုပြီး အမှုပိတ်သိမ်းလိုက်ကြောင်း သိရပါတယ်။

ထို့နောက် အလောင်းကို ကလေးမရဲ့ ဦးလေး ရှိနေတဲ့ နယ်စပ်ဒေသဖြစ်တဲ့ မြို့ကိုပို့လိုက်ကြောင်း၊ အဲဒီလို ပို့တဲ့အခါမှာလည်း ထိုင်းနိုင်ငံ ဥပဒေအရ လူတယောက် သင်္ဂြိုလ်မယ်ဆိုရင် သင်္ဂြိုလ်ခွင့် ပြုမိန့် လိုသော် လည်း ပါမလာကြောင်း၊ ရဲစခန်းမှာ နေ့စဉ်မှတ်တမ်း သေမှုသေခင်းနဲ့ မှတ်တမ်းတွေကိုလည်း မိဘတွေ အနေနဲ့ လုံးဝမမြင်တွေ့ခဲ့ရတဲ့အတွက် အဲဒီအချက်တွေက သံသယဖြစ်စေတဲ့ အချက်တွေ သံသယတွေကို ပိုမိုအားကြီးစေကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က သူတို့တွေ့ရှိချက်တွေကို ပြောပြပါတယ်။

အိမ်အကူ မညိုညိုအေးဟာ မိမိကိုယ်ကို သတ်သေတယ်ဆိုပြီး ထိုင်းအလုပ်ရှင်က ရဲစခန်းမှာ အမှုဖွင့်ကာ သူရဲ့ရုပ်အလောင်းကိုလည်း ထိုင်းမြန်မာနယ်စပ်၊ ကရင်ရွာက ဆွေမျိုးများရှိရာကို လျော်ကြေးငွေ ဘတ် ၅၀၀၀ နဲ့အတူ ပို့ဆောင်ပေးခဲ့တာတွေ၊ ဖုန်းများ ပြန်လည်ဆက်သွယ်လို့မရဘဲ ပိတ်ထားတာတွေစတဲ့ သံသယဖြစ်စရာ အချက်တွေ အများကြီးရှိလို့ အမှန်တရားပေါ်ရန် ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

မညိုညိုအေး သေဆုံုးမှုအမှန်တရား ပေါ်ပေါက်ရန်အတွက် သူမရဲ့မိခင်နဲ့အစ်မဖြစ်သူတို့က မြန်မာသံရုံးကို လာရောက် အကူအညီတောင်းခံခဲ့အတွက် မြန်မာသံရုံးက နိုဝင်ဘာလ ၁၀ ရက်က ရှေ့နေဦး အောင်မျိုးသန့်ကို ကူညီဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့ပြီး ထိုင်းရှေ့နေခွန်းနာလုံနဲ့ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေတဲ့ (AAC) အဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်အကူအမျိုးသမီးများ အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး သုံးနှစ်အတွင်း AAC သို့ လာရောက်တိုင်တန်းမှု ၁၂ မှုရှိခဲ့ပြီး အမှုမှန်ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ကိုရဲမင်းက “အမှန်တရားပေါ်ပေါက်ဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ အများကြီးရှိပါတယ်။ ဒါပေမယ့် နောက်ဆိုရင် မြန်မာအိမ်အကူ အမျိုးသမီးတွေကိုု ဒီလိုမတရားလုပ်လို့ မရတော့ဘူးဆိုတာ သိအောင်လို့ ကျနော်တို့က လုပ်ပြတာပါ။ ဖိအားတွေ အများကြီး ရှိတာပေါ့ဗျာ။ ထိုုင်းသူဌေးတွေရဲ့ အန္တရာယ်ပေးမှု၊ ခြိမ်းခြောက်မှု၊ ထိုင်းရဲတွေရဲ့ မုန်းတီးမှုတွေကြောင့် ကျနော်တို့အပေါ် ဖိအားတွေ အများကြီးဝင်နေပါတယ်။ အန္တရာယ်ရှိနေတာတော့ သေချာတယ်။ ဒါပေမယ့် ကြောက်ရွံ့ပြီးတော့ မလုပ်ဘဲထားရင် ဒီအမှုတွေ လိုက်မယ့်လူ မရှိတော့ဘူး။ ထိုင်းမှာလုပ်နေတဲ့ တချို့အဖွဲ့တွေက ဒါမျိုးတွေ လက်ရှောင် ကြတာရှိတယ်” ဟု ပြောပါတယ်။

မညိုညိုအေးသေဆုံုးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာသံရုံးမှအလုပ်သမားရေးဆိုင်ရာသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းရောက် ရွေ့ပြောင်းအလုုပ်သမား အရေးဆောင်ရွက်ပေးနေတဲ့ မဟာမိတ်အဖွဲ့ (AAC) မှ တာဝန်ရှိသူများ၊ ထိုင်းမှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် အမှုမှန်ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

စာရေးသူ မလိခ သည် HI (Honest Information) မှဖြစ်ပြီး HI (Honest Information) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading