လူ့အခွင့်အရေးလှုပ်ရှားသူတဦး ဖြစ်သည့် ချင်းတိုင်းရင်းသူ ဒေါ်ချယ်ရီဇာဟောင်းသည် UNDP မှ ချီးမြှင့်သည့် ၂၀၁၇ ခုနှစ်၏ N’Peace ဆုကို “Untold Stories” ခေါင်းစဉ်အောက်မှ ရရှိခဲ့သည်။ ကျားမတန်းတူညီမျှရေး လှုပ်ရှားနေသူ တဦးလည်း ဖြစ်သည့် သူ့ကို မြန်မာ့လူ့အဖွဲ့အစည်းအတွင်း စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ကဏ္ဍအသီးသီးတွင် ကျားမ တန်းတူညီမျှရေးဆိုင်ရာ အမြင်သဘောထားအပေါ် ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက မေးမြန်းထားသည်။
မေး။ UNDP က ပေးတဲ့ N’Peace ဆုနဲ့ ဂုဏ်ပြုခံရတာ ဘာကြောင့်လို့ ယူဆပါသလဲ။
ဖြေ။ ကျမကို UNDP က ၂၀၁၆ ခုနှစ်က ဆက်သွယ်လာတယ်။ “Untold Stories” category အောက်မှာ ထည့်ချင် တယ်ဆိုပြီး ကျမရဲ့ ကိုယ်ရေးအချက်အလက် CV တွေ တောင်းတယ်။ ကျမအပြင် နောက်ထပ် အမျိုးသမီးခေါင်းဆောင် ၆၊ ၇ ဦးလောက်လည်းပါတယ်။ ပြီးတော့ Campaign for Action တို့ ဘာတို့ ခေါင်းစဉ်အတွက် မြန်မာပြည်က လူ့အခွင့်အရေး လှုပ်ရှားသူ ၉၊ ၁၀ ဦးလောက်ပါသွားတယ်။ ဒီနောက်ပိုင်းတော့ ဘာသံမှမကြားတော့ဘူး။ မေ့မေ့ပျောက်ပျောက်ရှိ နေရာကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းရောက်တော့ ကျမ ပရိုဖိုင်ကို သူတို့ ထပ်တင်လာတာ တွေ့တယ်။
မေး။ အခုလို ဆုရတာ အခုလုပ်နေတဲ့အလုပ်တွေအပေါ် ဘယ်လို အထောက်အကူ ပြုနိုင်မယ် ယူဆလဲ။
ဖြေ။ သူတို့ပေးတဲ့ဆုက အရင်တုန်းက ကျမ တို့ ချင်းအမျိုးသမီးအဖွဲ့တွေ စုလုပ်ခဲ့တဲ့ ချင်းပြည်အမျိုးသမီးများအဖွဲ့ချုပ် (Women League of Chin land) မှာ လုုပ်ခဲ့တဲ့အလုပ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာ။ အခု ကျမက အင်စတီကျု့တခုမှာလုပ်နေတယ်။ တိုက်ရိုက်ဆက်စပ်မှုမရှိပေမယ့် အထူးသဖြင့် ပဋိပက္ခဒေသမှာရှိနေတဲ့ အမျိုးသမီး တွေရဲ့ အသံကို သုတေသန မှတ်တမ်းပြုစုတာကို အသိအမှတ်ပြုတာ။ ဒါက ကျမအတွက် recognition တခုရသွားတယ်။ တခြားတော့ အထောက်အကူပြုတာရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ဒီလို လူ့အခွင့်အရေး လှုပ်ရှားမှုအဝန်းအဝိုင်းမှာ သို့မဟုတ် အမျိုးသမီးအဖွဲ့အစည်းတွေထဲမှာ တောက်လျှောက် အားမလျော့ဘဲနဲ့ social transformation ဖြစ်လာဖို့ ဒါမှမဟုတ် gender equality ဖြစ်လာဖို့ရန်အတွက် ဘက်ပေါင်းစုံုက လုပ်တဲ့လူတွေအတွက် နောက်ဆုံုးကျတော့ လူတွေက အသိအမှတ်ပြုတယ်။ လူတွေက အဲဒါတွေကို မမေ့ထားဘူးဆိုတဲ့ အချက် ဖြစ်သွားတယ်။ သူများတွေအတွက်က ဘယ် field ကိုပဲ ရွေးရွေး သူတို့ရဲ့ လုပ်ဆောင်ချက်တွေက သူတို့ရဲ့ ကွန်မြူနီတီ အတွက် အပြောင်းအလဲ ဖြစ်စေတဲ့အရာတွေ အပြောင်းအလဲဖြစ်အောင် သူတို့လုပ်ဆောင်တဲ့ဟာတွေကို တနေ့ကျရင်တော့ လူတွေက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘော သက်ရောက်သွားတယ်။
မေး။ အခုလက်ရှိရော အမျိုးသမီးအဖွဲ့တွေမှာ ဘယ်အခန်းကဏ္ဍကနေ ပါနေလဲ။
ဖြေ။ ကျမက အမျိုးသမီးအဖွဲ့အစည်း တော်တော်များများမှာ အဓိက အမျိုးသမီးနဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ အကြံပေး လုပ်နေတယ်။ အမျိုးသမီး အဖွဲ့တွေမှာကျတော့ သုတေသန နည်းလမ်းပိုင်းဆိုင်ရာတွေ လိုအပ်တာရှိရင် ကျမက လိုက်ဆွေးနွေးပေးတယ်။ လိုအပ်တဲ့နေရာတွေမှာ လိုက်ကူပေးတယ်။
မေး။ ချင်းတိုးတက်ရေးပါတီမှာ ဦးဆောင်မှု အခန်းကဏ္ဍကတော့ ဆက်ရှိနေသေးလား။
ဖြေ။ ဆက်ရှိနေတုန်းပဲ။ နိုင်ငံရေးပါတီမှာ အတွင်းရေးမှူးအဖွဲ့မှာပါတယ်။ ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ရေး မှာလည်း ကျမ ရှေ့တန်းက ထွက်မရပ်ထားပေမယ့် နောက်ကွယ်ကနေ ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်အောင် စည်းလုံုးနိုင်အောင် ဆောင်ရွက်နေတယ်။ technical ပိုင်းဆိုင်ရာမှာ သူတို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးတာ အပါအဝင် တောက်လျှောက် နောက်ကွယ်ကနေ လုပ်နေတယ်။
မေး။ အမျိုးသမီးရေးရာကိစ္စတွေက ဒီနှစ်တွေမှာ တော်တော်ရှေ့ တန်းရောက်လာတာ တွေ့ရတယ်။ ကလေးမိခင်တယောက်လည်း ဖြစ်တဲ့ မချယ်ရီအနေနဲ့ မိသားစုဘဝနဲ့အလုပ်ကြားမှာ ဟန်ချက်ညီအောင် ဘယ်လို ထိန်းညှိသွားနေပါသလဲ။ ဘယ်လို စိန်ခေါ်မှုတွေ ရှိလဲ။
ဖြေ။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိတယ်။ မိခင်တယောက်အနေနဲ့ ဒီလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတာ အရမ်း ခက်ခဲလာတယ်။ လူတွေက ထင်တာကျတော့ ဒီလူ့အခွင့်အရေး လှုပ်ရှားသူအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်း၊ နိုင်ငံရေး အသိုင်းအဝိုင်းတွေထဲမှာဆိုရင် အလုပ်လုပ်နေတဲ့ မိခင် (working mother) တွေအတွက် ပိုပြီး လွယ်ကူမယ်လို့ ထင်နေကြတယ်။ လုံုး၀ မဟုတ်ဘူး။ ကျမက တခြားအမျိုးသမီးတွေလို ကလေးထားခဲ့ပြီး၊ ကလေးကို ရွေးပြီး အလုပ်ကိုထားခဲ့ရမှာစိုးလို့။ ကလေးယူတာနဲ့ အလုပ်တွေနဲ့ ဘာမှ မဆက်စပ်ဘူးဆိုတဲ့ပုံုစံမျိုး ဖြစ်နေမှာစိုးလို့ ဒါဟာ လုပ်ကိုလုပ်ရမယ် ဖြစ်ကိုဖြစ်ရမယ်ပုံုစံနဲ့သွားတာ။
မေး။ မြန်မာပြည်မှာ working mother တွေအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်ကောင်းကောင်း ရှိမနေဘူး။ ဒီအတွက်ကို ဥပဒေကြောင်းအရ ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းအရ ဖြစ်စေ ပြောဆိုလုပ်ဆောင်နေမှုတွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်တွင်းမှာ အင်တိုက်အားတိုက် တွန်းပြီး လုပ်နေတာမျိုး မရှိသေးဘူး။ အခု မြန်မာနိုင်ငံမှာက ကလေးယူရင် အိမ်မှာနေ အလုပ်မလုပ်နဲ့တော့။ ကလေးကြီးလာတဲ့အထိ စောင့်နေဆိုတဲ့ အဆင့်ပဲ။ ဆိုတော့ အိမ်ထောင်ပြုပြီး ကလေးယူသွားပြီဆိုရင် အလုပ်ကိုရွေးမလား။ ကလေးကို ရွေးမလားဆိုတဲ့ ဒီ ၂ ခုကိုပဲ ရွေးခိုုင်းတယ်။ အဲဒီအခြေအနေပဲရှိသေးတယ်။ ကလေးလည်း ယူမယ်။ အလုပ်လည်း ဆက်လုပ်မယ်ဆိုရင် သူတို့အတွက် အဆင်ပြေနိုင်အောင် ဖန်တီးပေးမယ့် ပတ်ဝန်းကျင်ကို မရောက်သေးဘူး။ အဲဒီဟာအတွက် အများကြီး ကမ်ပိန်းတွေ လုပ်ရအုံးမယ်။ အများကြီး ပြောရအုံးမယ်။
တချို့နေရာတွေကျတော့ ကလေးလည်းယူတယ်။ အလုပ်လည်း တန်းပြီးဆင်းတယ်။ ကိုယ့်အိမ်ထောင်ရေးရဲ့ စီးပွားရေးအခြေအနေ၊ မိသားစုအခြေအနေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်နားလို့မရဘူး။ ဆက်ပြီး အလုပ်လုပ်ရတယ်။ ဥပမာ ကျမဆိုရင် အလုပ်နားလိုုမရဘူး။ ပြီးရင် အလုပ်မလုပ်ဘဲနဲ့လည်း မနေနိုင်ဘူး။ အဲဒီလို လူတွေအတွက်က ထောက်ပံ့မှုက ဝေလာဝေးပဲ။ အဲဒီလိုမျိုး လုပ်ဖို့လိုအပ်တယ်။ လိုကိုလိုအပ်တယ်ဆိုတဲ့ နမူနာ ပြတဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီလိုမျိုးလုပ်နေတဲ့လူတွေအတွက်ကို အဆင်ပြေအောင် childcare တွေ လုပ်ပေးရမယ်။ အဲဒီ working mother ကို အလုပ်ခန့်ထားတဲ့ အဖွဲ့အစည်းတွေ၊ အင်စတီကျူးရှင်းတွေ၊ အစိုးရဌာနတွေ ယူအန်တွေ အကုန်လုံုးက နိုင်ငံတော် တရားဝင် အစိုးရဥပဒေ မထုတ်ထားရင်တောင် ကုမ္ပဏီတွေက အလိုလိုနေရင်းနဲ့ နားလည်မှု ရှိရမယ်ဆိုတာ အများကြီး ပြောရအုံးမယ်။
မေး။ မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေးလို့ ပြောရင် လက်မခံနိုင်ကြတဲ့အတွေးအခေါ်တွေက အခုဆို ဘယ်လောက်ထိ ပြောင်းလဲလာပြီလဲ။
ဖြေ။ အမျိုးသမီးအခွင့်အရေးလို့ ပြောလို့ရှိရင် လူတွေက နားလည်မှု လွဲတာတော့ မှန်တယ်။ ဒါပေမယ့် ကျမတို့ ပြောနေတာက ကျားမတန်းတူရေး၊ အမျိုးသမီးတွေကလည်း အကုုန်လုံုး အခွင့်အရေးတွေယူပြီး ယောကျာ်းတွေရဲ့ ခေါင်းပေါ် ထိုင်ဖို့ မဟုတ်ဘူး။ အမျိုးသားနဲ့ အမျိုးသမီးတွေဒီထက် ပိုပြီး ရင်ဘောင်တန်းနိုင်အောင်၊ အတူတကွ ဒီထက်ပိုပြီး အလုပ်လုပ်နိုင်အောင်၊ အမျိုးသားတွေ ချန်ထားခံရရင်လည်း အမျိုးသားတွေကို ရှေ့ပို့ရအောင်၊ အမျိုးသမီးတွေ ချန်ထား ခံရရင်လည်း အမျိုးသမီးကို ရှေ့ပို့လို့ ရအောင်ဆိုတဲ့ ပုံုစံမျိုးနဲ့ ကျမတို့တွေက သွားနေတယ်လေ။
အခုချိန်မှာတော့ ယေဘုယျပြောရရင် လူတွေက ဒါကို နားလည်တယ်။ ဘာလို့လဲဆိုတော့ ကျားမတန်းတူညီမျှမှု ရှိရင် အိမ်ထောင်ရေးလည်း သာယာတယ်။ ဘေးပတ်ဝန်းကျင်အတွက်လည်း ပိုပြီးတော့ သာယာတယ်။ နိုင်ငံတော်အတွက် လည်း စီးပွားရေးအရ ပိုပြီးတော့ အဆင်ပြေတယ်။ ကျားမတန်းတူရေးကနေ ပါလာတဲ့အရာတွေက အမျိုးသားရော အမျိုးသမီးရော ဝင်ငွေရှိနိုင်အောင်၊ အလုပ်လုပ်နိုင်အောင် ဖန်တီးရတဲ့ အခြေအနေမျိုးတွေ။ အဲဒီလိုမျိုး ရောက်တဲ့အချိန်မှာ မိသားစုရဲ့ စီးပွားရေးလည်း အဆင်ပြေတယ်။ ယောက်ျား တယောက်တည်း ရှာတာနဲ့ မိန်းမ တယောက်တည်း ရှာတာနဲ့ နှစ်ယောက်အတူတိုင်ပင်ပြီး အလုပ်လုပ်တယ်၊ တန်းတူညီမှုလည်း ရှိတယ်ဆိုရင် အိမ်ထောင်အတွက်လည်း ကောင်းတယ်လေ။ နိုင်ငံတော်အတွက်လည်း ပိုကောင်းတယ်။
ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ကျမ အမြဲပြောတဲ့အရာက လူသား ၂၆ သန်းကျော်က အမျိုးသမီးတွေဖြစ်တယ်။ အဲဒီအထဲ အလုပ်လုပ်နေတဲ့လူတွေက သန်း ၂၀ ကျော်ရှိတယ်။ အဲဒီလူတွေ အကုန်လုံုးက ဒီအမျိုးသမီးတွေက ဝင်ငွေရှိမယ်။ သူတို့ဝင်ငွေကိုလည်း စနစ်တကျ အစိုးရက အသိအမှတ်ပြုမယ်။ အစိုးရအတွက်လည်း အခွန် ပိုပြီးရနိုင်တယ်။ တနိုင်ငံလုံုး စီးပွားရေးတိုးတက်မှု (National economic growth) အတွက်လည်း ပိုကောင်းမယ်။ ဒီ သန်း ၂၀ ကျော်က အလုပ်လုပ်နေတာ ပုံုမှန်မဖြစ်လာဘူး။ တော်တော်များများကလည်း အလုပ်အကိုင်က မရှိတဲ့အခါကျတော့ စီးပွားရေးက တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘူး။ အဲဒါတွေကို ကျမတိုုက push လုပ်နေတယ်။ ကျားမတန်းတူရေးဆိုုတာ အကုန်လုံုးအတွက်က အကျိုးဆက် ရှိနေတယ်။
မေး။ ချင်းလူမျိုးစု တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ဌာနေတိုင်းရင်းသား အမျိုးသမီးများအတွက် အစိုးရ ဖြစ်စေ၊ လူ့အဖွဲ့အစည်းကဖြစ်စေ ဆောင်ရွက်မှုတွေ ဘာတွေတွေ့ရလဲ။ ဘာတွေလိုအပ်နေသေးလဲ။
ဖြေ။ ချင်းအသိုင်းအဝိုင်းထဲမှာတော့ အမျိုးသမီးနဲ့ပတ်သက်လာရင် ချင်းအမျိုးသမီးအဖွဲ့ငယ်လေးတွေ ရှိတယ်။ အောက်ခြေမှာ သင်တန်းတွေ တောက်လျှောက်လုပ်နေတယ်။ အဲဒီလိုနေရာမှာ ကျားမတန်းတူရေးကို ပြောမယ်ဆိုုရင် resistance ပေါ့ လာပြီးတော့ ခုခံ နေတဲ့အဖွဲ့က အနည်းစု ဖြစ်သွားပြီ။ တော်တော်များများက တန်းတူညီမျှမှုက အရေးကြီးတယ်ဆိုတဲ့ အချက်ကို လူတွေက မျက်စိပွင့် နားပွင့်ဖြစ်လာကြပြီ။ အဲဒါလည်း ကောင်းတဲ့လက္ခဏာတခု ဖြစ်တယ်။
ဒါပေမယ့် ချင်းပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းရေးရာမှာကျတော့ ကျမတို့ ချင်းပြည်နယ်က လမ်းပန်း ဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံု အဆောက်အအုံတွေ၊ ရေ၊ မီး စတဲ့ အခြေခံအဆောက်အအုံု လိုအပ်ချက်တွေ အရမ်းကို လိုအပ်သေးတယ်။ အဲဒီအခြေခံ လိုအပ်ချက်တွေ မရှိနေသေးသရွေ့ စီးပွားရေး တိုးတက်ဖို့နဲ့ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ရာ အတွက်လည်း အင်မတန်မှ ခက်ခဲသေးတယ်။ လူတွေက သူတို့ဟာ သူတို့ တောင်ယာ ခုတ်တယ်။ တောင်ယာကနေ ထွက်လာတဲ့ သီးနှံတွေနဲ့ပဲ လုံုလောက်အောင် စားနေတယ်ဆိုတာ စီးပွားရေးမဖြစ်ဘူးလေ။ ဒီဟာတွေကို ပြောင်းလဲဖို့ အခြေခံလိုအပ်ချက်တွေကို အစိုးရက လုပ်ဆောင်ရမှာတွေ အများကြီးရှိတယ်။ ဒါတွေကို push လုပ်နေတယ်။
ဒီနိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းနည်းနေတယ်။ အဲဒါကြောင့် ကျမက ချင်းနိုင်ငံရေးပါတီတွေကို စုပေါင်းတယ်။ စုပေါင်းပြီးမှ အမျိုးသမီးနဲ့ လူငယ်တွေကို အများကြီး recruit လုပ်မယ်ဆိုပြီး တောက်လျှောက်ပြောနေတာ။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ အင်အားစုကို နိုင်ငံရေးပါတီတွေက သဘောပေါက်တယ်၊ နားလည်တယ်။ အသိအမှတ် ပြုတယ်ဆိုရင် သူတို့အတွက်လည်း အကျိုးရှိတယ်။ ကျမတို့ ချင်းတိုးတက်ရေးပါတီထဲမှာဆိုရင် ဂျန်ဒါနဲ့ပတ်သက်ပြီး တော်တော်လေး မျက်စိပွင့် နားပွင့်ဖြစ်လာကြပြီ။ အမျိုးသမီးတွေရဲ့ အင်အားစုလိုတယ်၊ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်ဆိုတာကို သူတို့ သဘောပေါက်လာကြပြီ။ အဲဒါတွေ အမြန် အကောင်အထည်ဖော်ဖို့က နောက်တဆင့် လိုအပ်တာပေါ့။ အမျိုးသမီးတွေကလည်း လိုလိုလားလားနဲ့ တက်တက်ကြွကြွ ပါဝင်လာဖို့ အရေးကြီးသလို ဒီ ပါတီဘက်ကလည်း တံခါးအကျယ်ကြီး ဖွင့်ထားဖို့ လိုအပ်တယ်။