Women & Gender

အာရှမှာ သြဇာအာဏာ အရှိဆုံး အမျိုးသမီး ၁၀ ယောက်

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ “နိုင်ငံတကာ အမျိုးသမီးများနေ့” (International Women’s Day) ပါ။ နိုင်ငံတကာက အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အာရှမှာ သြဇာအာဏာအရှိဆုံး အမျိုးသမီး ၁၀ ယောက် အကြောင်းကို ဧရာဝတီစာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) Peng Liyuan

Peng Liyuan ဟာ တရုတ်သမ္မတ Xi Jinping ရဲ့အမျိုးသမီးပါ။ သူမဟာ တရုတ်မဂ္ဂဇင်းတွေမှာ နံပါတ် ၁ အဖြစ် ဖော်ပြခံရသူပါ။ ဒါ့အပြင် People’s Liberation Army Academy of Art ရဲ့ ဥက္ကဌလဲ ဖြစ်ပါတယ်။ သူမဟာ သီချင်းဆိုကောင်းသူ တဦးလည်းဖြစ်တာကြောင့် ဂုဏ်ပြုဆုတွေ အများကြီး ရထားပါတယ်။

“People from our village”, “In the field of hope” စတဲ့ သီချင်းတွေအပြင် သူမ သီဆိုထားတဲ့ ဇာတ်ဝင် တေးတွေဟာလည်း နာမည်ကြီး လှပါတယ်။ သူမဟာ Forbes မဂ္ဂဇင်းရဲ့ သြဇာအရှိဆုံး အမျိုးသမီးစာရင်းမှာ ၅၆ ယောက်မြောက်အဖြစ် ဖော်ပြခြင်းခံရပါတယ်။

(၂) Jean Lui

Jean Lui ဟာ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တယောက်ပါ။ Didi Chuxing ဆိုတဲ့ တရုတ်မှာ အကြီးဆုံး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ ဥက္ကဌပါ။ သူမဟာ Goldman Sachs မှာ ၁၂ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ မန်နေးဂျင်း ဒါရိုက်တာတယောက် ဖြစ်လာခဲ့ပါတယ်။ ပြီးနောက် Didi Dache ဘက်ကို Chief operating officer အနေနဲ့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။

သူမဟာ Didi Dache နဲ့ ပြိုင်ဘက်ကုမ္ပဏီ Kuaidi Dache နှစ်ခုအပေါ် နည်းဗျူဟာကျကျနဲ့ ပေါင်းစည်း ပေးခဲ့ပြီး Didi Kuaidi ( Didi Chuxing အမည်ပြောင်း) ဆိုတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စတင်ခဲ့ ပါတယ်။ အလုပ်သမား ၁၇.၅ မီလီယမ်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုအများကို ကုမ္ပဏီအတွက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

(၃) Sheikha Lubna Al Qasimit

သူမဟာ UAE ရဲ့ Minister of State for Tolerance, Minister of State for International Cooperation, Minister of Economic and Planning အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါဟာ UAE ရဲ့ နိုင်ငံရေးပိုင်းမှာ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်တဲ့ အမျိုးသမီးအဖြစ် ပထမဦးဆုံးပါ။

California State University မှာ Computer Science နဲ့ ကျောင်းပြီးခဲ့သလို American University of Sharjah မှာ Executive MBA လည်း ရရှိခဲ့ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ် Forbes မဂ္ဂဇင်း ရဲ့ သြဇာအရှိဆုံး အမျိုးသမီးစာရင်းထဲမှာ ၃၆ ယောက်မြောက် အဖြစ် ဖော်ပြခြင်းခံရပါတယ်။

(၄) Pollyanna Chu

သူမက ဟောင်ကောင်က ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တယောက်ပါ။ Kingston Financial Group, Golden Resorts Group, Sincere Watch ရဲ့ Executive ပါ။ သူမရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁၀.၂ ဘီလီယံ ရှိပါတယ်။ ဟောင်ကောင်မှာ အချမ်းသာဆုံးစာရင်းမှာ ၁၄ ယောက်မြောက်ပါ။

(၅) Lucy Peng

Lucy Peng ဟာ Business Administration ကို Hangzhou Institute of Commerce မှာ သင်ယူခဲ့ပါတယ်။ Alibaba ရဲ့ HR department ရဲ့ စီမံခန့်ခွဲရေးအပိုင်းမှာ ပါဝင်ခဲ့သလို ၂၀၁၀ ကနေ ၂၀၁၃ အထိ Alipay ရဲ့ CEO တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

၂၀၁၃ မတ်လမှာ Alibaba အသေးစားငွေချေးလုပ်ငန်းရဲ့ CEO အဖြစ်စတင်ခဲ့ပါတယ်။ နောက်ပိုင်း တရုတ် မီဒီယာတွေမှာ Alibaba ရဲ့ နောက်ဆက်ခံမယ့် CEO အဖြစ် ဖော်ပြခြင်းခံရပါတယ်။

(၆) ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့နိုင်ငံရေးလောကမှာ လူသိထင်ရှားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာရှရဲ့ သြဇာအာဏာ ကြီးမားတဲ့ အမျိုးသမီးတယောက်ပါ။ Minister of Foreign Affair”, Electric Power and Energy, Education အဖြစ် တာဝန်ယူထမ်းဆောင်နေသူ တဦးပါ။

သူမ အကြောင်းတော့ အထူးတလည် ရှင်းနေစရာ မလိုအောင်ဘဲ မြန်မာပြည်မှာ သြဇာအာဏာကြီးမားသူပါ။

(၇) Chanda Kochhar

Chanda Kochhar ဟာ အိန္ဒိယက ICICI bank ရဲ့ CEO ပါ။ သူမဟာ the National Institute of Securities Markets နဲ့ Institute of International Finance ရဲ့ ဘုတ်အဖွဲ့ဝင်ပါ။

Prime Minister’s Council on Trade& Industry ရဲ့ အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ Carleton University ရဲ့ စီးပွားရေးနယ်ပယ်မှာ စွန့်ဦးတီထွင်သူအဖြစ် ဂုဏ်ပြုဆုကိုလည်း ရခဲ့ပါတယ်။

(၈) Sheikh Hasina Wajed

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ် Hasina ဟာလည်း ၂၀၁၇ ခုနှစ် forbes မဂ္ဂဇင်း ရဲ့ သြဇာအရှိဆုံး အမျိုးသမီးစာရင်းထဲမှာ ၃၀ ယောက်မြောက်အဖြစ် ဖော်ပြခြင်းခံရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ သူမဟာလည်း အာရှရဲ့ သြဇာအရှိဆုံး အမျိုးသမီးတွေထဲက တဦးပါ။

(၉ ) Ho Ching

Ho Ching ဟာ Temasek Holdings ရဲ့ CEO ဖြစ်သလို စင်ကာပူလက်ရှိ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ လက်ထပ်ထားသူပါ။ ၂၀၁၆ ခုနှစ်၊ Forbes မဂ္ဂဇင်း ရဲ့ သြဇာအရှိဆုံး အမျိုးသမီးစာရင်းထဲမှာ ၃၀ ယောက် မြောက် အဖြစ် ဖော်ပြခြင်းခံရပါတယ်။

(၁၀) Tsai Ing Wen

သူမက ထိုင်ဝမ်နိုင်ငံရဲ့ သမ္မတပါ။ ထိုင်ဝမ်ရဲ့မြို့တော် တိုင်ပေရဲ့မြို့တော်ဝန်ဖြစ်ပြီးနောက်ပိုင်း လူသိများလာပြီး လက်ထပ်ထားခြင်းလည်း မရှိသေးပါဘူး။

ကဲ ဒီလောက်ဆိုရင် အာရှက ပါဝါကြီးမားတဲ့အမျိုးသမီးတွေအကြောင်းကို အနည်းအကျဉ်း လောက်တော့ သိပြီထင်ပါတယ်နော်။

Ref : Forbes Magazine

Did you find apk for android? You can find new Free Android Games and apps.
Loading