Women & Gender

တပ်မတော်(လေ)က သင်တန်းပေးနေတဲ့ အမျိုးသမီး လေသူရဲအရာရှိများ

Want create site? Find Free WordPress Themes and plugins.

တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) က ဗိုလ်လောင်းသင်တန်းဆင်း အမျိုးသမီး အရာရှိ ၆ ဦးကို အမျိုးသားအရာရှိတွေနည်းတူ လေယာဉ်မောင်းပညာ သင်ကြားနိုင်ဖို့ သင်တန်းပို့ချနေတယ်လို့ တပ်မတော် (လေ) က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်(လေ)က သင်တန်းပေးနေတဲ့ အမျိုးသမီး လေသူရဲအရာရှိများ (ဓာတ်ပုံ- တပ်မတော်(လေ))

ထုတ်ပြန်ချက် အရ တပ်မတော်(လေ)အနေနဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရာမှာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးအတွက် လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ လေသူရဲတောင်ပံကို တဦးချင်းအပ်နှင်းပေးပြီး ၎င်းတို့၏ ပျံသန်းမှုအရည်အသွေးအလိုက် တပ်မတော်(လေ)ရှိ ပျံသန်းရေးအုပ်များတွင် ဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်(လေ)က သင်တန်းပေးနေတဲ့ အမျိုးသမီး လေသူရဲအရာရှိများ (ဓာတ်ပုံ- တပ်မတော်(လေ))

ဘွဲ့ရအမျိုးသမီး အရာရှိတွေကို နောက်ထပ်ဖွင့်လှစ်မယ့် လေယာဉ်မောင်းသင်တန်းများမှာ ထပ်မံခေါ်ယူပြီး တက်ရောက်စေဖို့လည်း ရှိတယ်လို့ တပ်မတော်(လေ)က ၎င်းတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် သတင်းထုတ်ပြန်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading