• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

သက်ငယ်မုဒိမ်းမှုတွေ ပိုများလာသလား

by နန်းဆိုင်နွမ်
4 July 2018
in Women & Gender
A A
မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသော လူသတ်မုဒိမ်းမှုတွင် လာရောက်ဆန္ဒပြသူများ ချိတ်ဆွဲထားသော ဆိုင်းပုဒ်  / မျိုးမင်းစိုး / ဧရာဝတီ

မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသော လူသတ်မုဒိမ်းမှုတွင် လာရောက်ဆန္ဒပြသူများ ချိတ်ဆွဲထားသော ဆိုင်းပုဒ် / မျိုးမင်းစိုး / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

ဗုဒ္ဓဘာသာထုံးစံအရ ဘုန်းကြီးတွေ ဆွမ်းခံကြွလာရင်၊ လမ်းမှာတွေ့ရင် လှူဒါန်းမှုတွေ၊ ကြည်ညိုမှုတွေ ပြုလုပ်ကြပေမယ့် အသက် ၆ နှစ်အရွယ် သမီးလေးကတော့ ဘုန်းကြီးတွေကို တေ့ွမြင်ရင် ကြောက်စိတ်တွေသာ ကြီးစိုးနေပါတယ်။

ဒီကလေးငယ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ စိန်တလုံးဘုန်း ကြီးကျောင်းမှာ ဘုန်းကြီးတပါးရဲ့ အတင်းအဓမ္မပြုကျင့်ခံခဲ့ရသူဖြစ်ပါတယ်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
1.7k
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10.6k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
32.5k

“ အခုထိ သမီးလေးကတော့ စိတ်ထဲမှာ ခံစားနေရတုန်းပါ။ ဘုန်းကြီးတွေတွေ့ရင် အလိုလိုကြောက်နေ တယ်” လို့ မထွေးရီက အသက်၆ နှစ်အရွယ် သမီးလေးရဲ့ စိတ်ခံစားချက်ကို ပြောပြပါတယ်။

သက်ငယ်မုဒိမ်းကျူးလွန်ခံရတဲ့ ကလေးငယ်အတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို သက်သာအောင် ကုသ နိုင်ခဲ့ပေမယ့် ၂ နှစ်ကျော် အချိန်အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ဆက်လက်ကုသနေရဆဲပါလို့ မထွေးရီက ပြောပြပါတယ်။

“ သမီးလေးရဲ့ အားငယ်တဲ့စိတ်တွေ၊ ကြောက်တဲ့စိတ်တွေကို ကျမတို့ ကုသပေးနေရတုန်းပါ။။ ဘုန်းကြီး တွေကို အလှူငွေထည့်တာ၊ ဆွမ်းလောင်းတာမျိုးတောင် သူတွေ့ရင် သောင်းကျန်းတယ်။ အလှူငွေ ထည့်စရာမလိုဘူး။ ကန်တော့စရာ မလိုဘူးဆိုပြီး ထသောင်းကျန်း၊ ပစ္စည်းတွေလည်း ကိုင်ပေါက်တဲ့ အဆင့်ပါပဲ” လို့ မထွေးရီက စိတ်အားငယ်စွာဖြင့် ပြောပြနေပါတယ်။

“သက်ငယ်မုဒိမ်းကျူးလွန်ခဲ့တဲ့ ဘုန်းကြီးကို ပုဒ်မ ၃၇၆ နဲ့ ပုဒ်မ ၃၇၇ တပေါင်းတည်း ၁၀ နှစ်သာ တရားသူကြီးက ချမှတ်ခဲ့တယ်။ ကျမက မကျေနပ်လို့ အထက်ကို ပြန်တင်ထားတယ်။ အမှုက မပြီးသေးဘူး။ ဘုန်းကြီးဘက်ကလည်း ထောင်ဒဏ်လျော့အောင် လုပ်နေတယ်” လို့ မထွေးရီက လက်ရှိ ကြုံတွေ့ နေတဲ့အခြေအနေကို ပြောပြပါတယ်။

လက်ရှိမှာလည်း သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အပြိုင်အဆိုင် ဆွေးနွေးပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ငယ်မုဒိမ်းမှုပေါင်း ၁၉၂၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တနေ့တခြားများပြားလာပြီး ထိတ်လန့်ဖွယ်အဆင့်ကို ရောက်ရှိလာတဲ့ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်သူ တွေကို ထိထိရောက်ရောက်ဟန့်တားနိုင်ရေး အထူးဥပဒေတရပ် အမြန်ရေးဆွဲကာ ပြစ်မှုပြစ်ဒဏ်အပိုင်း ကို သေဒဏ်ချမှတ်တဲ့အထိ တိတိကျကျ ရေးဆွဲပြဌာန်းပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စောဝေက ဇွန် ၁ ရက်နေ့တွင် တင်သွင်းတဲ့အဆိုမှာ ဖော်ပြထားပါတယ်။

သက်ငယ်မုဒိမ်းမှုတွေမှာ ကလေးငယ်တွေကို မုဒိမ်းကျင့်တဲ့အပြင် အသက်ပါသတ်တဲ့အဆင့်အထိ ရောက်လာတာကို တွေ့ရတယ်လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။

“သက်ငယ်မုဒိမ်းမှုတွေကို အမြင့်ဆုံးထောင်ဒဏ် ၂၀ အထိချမှတ်ပြီး နောက်ပိုင်းမှာလည်း သက်ငယ် မုဒိမ်းမှုတွေက လျော့သွားတာ မရှိဘူး။ ထပ်တိုးလာတာတွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မရှိတဲ့ သေဒဏ်တခု ရှိရင်တော့ ပြစ်မှုတွေ လျော့ကျသွားမယ်လို့ ကျမအနေနဲ့ ယုံကြည်တယ်။ ကျမအနေနဲ့ ဒါကို အထူးဥပဒေတရပ်အဖြစ် သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ဒေါ်ခင်စောဝေက ပြောပါတယ်။

သက်ငယ်မုဒိမ်းကျူးလွန်တဲ့သူတွေက အလွန်ယုတ်မာကြပြီး ဘာမှမသိရှိ နားမလည်တဲ့ ကလေးတ ယောက်ရဲ့ဘဝကို စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတွေ ပျက်စီး နစ်မွန်းအောင်ပြုလုပ်တယ်လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။

ဒါတွေအပြင် ယခုနောက်ပိုင်းမှာ သတင်းမီဒီယာတွေ လူမှုကွန်ရက်တွေ တော်တော်သုံးစွဲလာကြတဲ့ အတွက် ဖခင်အရင်းမှ သမီးအရင်းကို ကျူးလွန်တဲ့အမှုတွေလည်း အများကြီး တွေ့မြင်လာရတယ်လို့ သူမ က ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လာရင်တော့ ထိရောက်တဲ့ ပြစ်ဒဏ်ရှိသင့်ပြီလို့ သူယုံကြည်ထားကြောင်း ဒေါ်ခင်စောဝေက ပြောပါတယ်။

“အထူးဥပဒေရှိရင် ထောင်ဒဏ် လုံးဝမလွှတ်တော့ဘူး။ လွှတ်ငြိမ်းချမ်းသာခွင့်လည်း မရှိတော့ဘူး။ သေ ဒဏ်ကို ကျမတို့အနေနဲ့ မလုပ်ချင်ကြဘူး။ ဒါပေမယ့် ကျမတို့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာတွေကို လေ့ လာတဲ့အခါမှာ အရင်တုန်းက သေဒဏ်ကို ရုတ်သိမ်းထားတဲ့ နိုင်ငံတွေတောင်မှ မုဒိမ်းမှုတွေများလာလို သေဒဏ်ကို ပြန်ခွင့်ပေးတာကို တွေ့ရတယ်။ ကျမတို့ နိုင်ငံမှာလည်း မုဒိမ်းမှုတွေလျော့နည်းလာရင် ဥပဒေ တခုကို ပြင်လို့ရတယ်။ ဖျက်လို့ရတယ်။ ဒီလိုအများကြီးဖြစ်လာတဲ့အချိန်မှာ ဒီလိုဥပဒေကိုဆွဲခြင်းအားဖြင့် လျော့ကျအောင်လုပ်နိုင်မယ်ထင်လို့ပါ” ဟု ဒေါ်ခင်စောဝေက သူမတင်သွင်းခဲ့တဲ့ အဆိုနဲ့ပါတ်သက်ပြီး ရှင်းပြပါတယ်။

ဒီလိုပဲ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်ရေးအတွက် ပြည် သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး အတည်ပြုနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးကြီးအောင်စိုးမိုးက “အမျိုးသမီးတွေကို အကြမ်းဖက်ခြင်း၊ နှောက်ယှက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လို့ သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်” လို့ဆိုပါတယ်။

ဒါပေမယ့်လည်း ဒေါ်ခင်စောဝေတင်သွင်းတဲ့ သက်ငယ်မုဒိမ်းမှုအတွက် အထူးဥပဒေတရပ် အမြန်ရေး ဆွဲပေးရန် အဆိုကို ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် ခဲ့ရာမှာ အဆိုပါဥပဒေကို ကန့်ကွက်သူများတဲ့အတွက် လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ပါ တယ်။

ဒီလိုသက်ငယ်မုဒိမ်းမှုတွေဟာ ပြင်းထန်တဲ့ပြစ်ဒဏ်၊ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ဖို့ လိုအပ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်ဆိုတာက မြန်မာနိုင်ငံ အနေအထားအရ မသေမချင်း ထောင်ထဲမှာ ထားရှိရန်၊ ကျူးလွန်သူ တွေကို ဘယ်လိုနည်းနဲ့မှ လွတ်ငြိမ်းချမ်းသာခွင့်၊ လျော့ရက် ခံစားခွင့်တွေ မပေးရန် ဆိုလိုခြင်း ဖြစ်တယ် လို့ လူ့အခွင့်အရေး ပညာပေးနေတဲ့ ညီမျှခြင်း (မြန်မာ)မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သက်ငယ်မုဒိမ်းမှာ အသက်ကို သေသေချာချာ သတ်မှတ်ဖို့ လိုပါတယ်။ တခြားနိုင်ငံတွေမှာ ကျင့်သုံးသ လို အသက်ဘယ်လောက်ဆို ပိုမိုပြင်းထန်သော ပြစ်ဒဏ်ပေးနိုင်ဖို့၊ ကျူးလွန်မှုက အဲဒီကလေးကို ဘယ် လို ဘယ်လောက်ထိခိုက်လဲ၊ ဘယ်လောက်နာစေလဲဆိုတဲ့ ပြင်းထန်မှုကို ကြည့်ပြီး အမြင့်ဆုံးပြစ်ဒဏ်ကို ကျနော်တို့တောင်းဆိုပါတယ်” လို့လည်း ဦးအောင်မျိုးမင်းက ဆက်လက်ပြောပါတယ်။

လွှတ်တော်မှာ လက်ရှိတင်သွင်းနေတဲ့အဆိုနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေသူကြားမှာ ကြီးလေးတဲ့ ပြစ် ဒဏ်ပေးရန်ဆိုတဲ့နေရာမှာ တူညီကြပြီး အထူးဥပဒေတရပ် အမြန်ဆုံးရေးဆွဲဖို့မှာ ကွဲလွဲနေတယ်လို့လည်း ဦးအောင်မျိုးမင်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေ က ပြည်သူ့လွှတ်တော်ထဲကို ရောက်နေပြီဖြစ်ပေမယ့် ဥပဒေကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း လူ့အခွင့်အရေး၊ ကလေးအခွင့်အရေးတွေကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ ဦးအောင်မျိုးမင်းက ထပ်လောင်းပြောပါတယ်။

ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းက “ အဲဒီထဲမှာ အဓိက သက်ငယ်မုဒိမ်းမှု အချက်တွေကပါပြီးသားပါ။ ကလေးတွေနဲ့ပတ်သက်တဲ့ အမှုတွေကို ကျူးလွန်တဲ့ သူ တွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်တဲ့ ဥပဒေရေးရာကလည်း ရှိနေပြီးသား။ ခက်တာက ဥပဒေကို အတည်မပြုနိုင်သေးတဲ့အတွက် သက်ရောက်မှု မရှိသေးဘူး။ အဲဒီတော့ ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူ နေရတယ်။ တကယ်လို့ ဒီဥပဒေမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်လို့ တိတိကျကျ ဘာသာပြန်ဆိုမှုတွေ အရေးယူမှုတွေ ပြင်းထန်မှုတွေပါရင်တော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနဲ့ လုံလောက်ပါတယ်” လို့ ဆက်လက်ပြောပါတယ်။

လက်ရှိ ကလေးသူငယ်အခွင့်အရေး ဥပဒေအသစ်မှာ ၁၈ နှစ်အောက်ကို ကလေးသူငယ်အဖြစ် သတ် မှတ်ထားပြီး ၁၈ နှစ်အောက် ကလေးတွေကြားမှာ ၁၃ နှစ်အောက် ကလေးတွေအပေါ် ကျူးလွန်တဲ့ အမှုတွေ ဖြစ်နေပါက ပိုမိုကြီးလေးတဲ့ပြစ်ဒဏ်ပေးထားကြောင်းလည်း သိရပါတယ်။

ဦးအောင်မျိုးမင်းက “ လွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ကြီးလေးတဲ့ ပြစ်ဒဏ် အဆိုတွေ တင်သွင်းတာ ကောင်းပါတယ်။ လက်ရှိ ရှိနေတဲ့ ဥပဒေတွေ အားနည်းချက်တွေ နောက်တခါ အသစ်ရေးဆွဲနေတဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေရဲ့ ကြန့်ကြာမှုတွေကြောင့်ဖြစ်တာ။ အဲဒါကြောင့် ဒီ ဥပဒေတွေက အမြန်ထွက်လာဖို့ ပိုလိုအပ်တယ်” လို့ သုံးသပ်ပါတယ်။

သက်ငယ်မုဒိမ်းမှု ၊ မုဒိမ်းမှုတွေကို တသက်တကျွန်းချဖို့ လွှတ်တော်က ကတိကဝတ်ချပြီး၊ တနိုင်ငံလုံးမှာ ရှိတဲ့ တရားရုံးကိုလည်း ညွန်ကြားစာထုတ်ထားကြောင်းလည်း အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ လွှတ်တော်အမတ် နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

“တသက်တကျွန်းက မြန်မာပြည်မှာ အနှစ် ၂၀ ပါ။ အယူခံဝင်ခွင့်က ဘယ်သူမဆိုဝင်လို့ရပါတယ်။ အ ခြေခံ ဥပဒေက ဝင်လို့ရတယ်။ နောက်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခွင့်အရေးတခုကို ဆွေး နွေးနေတယ်။ ဆွေးနွေးတဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာကိစ္စလည်းပါတယ်” လို့လည်း ဒေါ်ဆူဇန်နာလှလှစိုး က ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှု မဖြစ်ဖို့ အားလုံးကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပြီး သက်ငယ်မုဒိမ်း ကျူးလွန်ခံရတဲ့ ကလေးငယ်တွေကိုလည်း ဝိုင်းဝန်းစောင့်ရှောက်ဖို့နဲ့ စိတ်ဓာတ်တွေမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်လို့ လည်း ဒေါ်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

“အဓိက ပြဿနာက ကျမမဲဆန္ဒနယ်မှာ သက်ငယ်မုဒိမ်းမှုဖြစ်ပြီဆိုရင် ညဘက်လျှောက်သွားတာ၊ အင်္ကျီ ဘယ်လို ဝတ်တာဆိုတာတွေ ပါတယ်။ နောက်တခု တားနေလျက်နဲ့ ကလေးကို ကျောင်းပြောင်းတာတွေ ရှိတယ်။ သူက မုဒိမ်းလည်းကျင့်ခံရတယ်၊ ကျောင်းလည်းပြောင်းခံရတယ်။ နောက်ပြီးတော့ မိသားစုကို ရပ်ကွက်ကနေ မောင်းထုတ်တာတွေ မဖြစ်သင့်ဘူး။ ပတ်ဝန်းကျင်က ကျူးလွန်ခံရသူတွေကို ဝိုင်းဝန်း စောင့်ရှောက်ရမယ်။ စိတ်ဓာတ်တွေမြှင့်တင်ပေးရမယ်”လို့လည်း သူ က ပြောတယ်။

မုဒိမ်းမှုများ၊ သက်ငယ်မုဒိမ်းမှုများအပါအဝင် အမျိုးသမီးအကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် လူမှု ရေးအဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အသိ ပညာပေးမှုတွေ ပြုလုပ်နေကြပေမယ့် လုံလောက်မှုတော့မရှိသေးပါဘူး။

ဒီလိုအသိပညာပေးမှုတွေ လုံလောက်မှုမရှိသေးတဲ့အတွက် အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ ဝန်း ကျင် မရှိသေးဘူးလို့လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

“ ဒီလိုမုဒိမ်းကောင်တွေကို ပြင်းထန်တဲ့ပြစ်ဒဏ်၊ သေဒဏ်ပေးရင်တော့ မပပျောက်ရင်တောင် လျော့နည်း သွားမယ်လို့ ကျမထင်တယ်။ ကျမကတော့ သေဒဏ်ပေးဖို့ပဲ တောင်းဆိုချင်တယ်” လို့ ဒေါ်ထွေးရီက လည်း ပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါ်ထွေးရီက “ ကျမတို့ဘဝက ရှင်ရက်နဲ့ သေသွားပြီ။ ကျမတို့ကို ပတ်ဝန်းကျင်မှာလည်း အပယ်ခံဘဝနဲ့ နေခဲ့ရတယ်။ လူယုတ်မာတွေကို သေဒဏ်ပေးဖို့ ကျမတောင်းဆိုချင်ပါတယ်” လို့ ဒေါ် ထွေးရီက တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

ဒေါ်ထွေးရီလို သက်ငယ်မုဒိမ်းကျူးလွန်ခံရတဲ့ကလေးငယ်တွေရဲ့ မိခင်တွေကတော့ ကျူးလွန်တဲ့သူတွေကို သေဒဏ်ပေးဖို့ ပြုလုပ်သင့်သည်မှတပါး တခြားမရှိလို့ ဆိုနေကြဆဲပါ။

ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် Honest Information(HI News) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Your Thoughts …
Tags: သက်ငယ်မုဒိမ်း
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

သက်ငယ်မုဒိမ်း  သံသယရှိသူ NLD ပါတီဝင်

NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ

by ဧရာဝတီ
9 May 2023
10.3k

၅ နှစ်သမီးငယ်၏ ပြောပြချက်များကြောင့် မိခင်ဖြစ်သူသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က CDM သူနာပြု ဆရာမထံ သွားရောက်ပြီး ကလေး၏ အပြင်ပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မိန်းမကိုယ်အား လက်ဖြင့်ထိုးသွင်းခြင်း၊ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု...

စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ

ဒုတိယတန်းကျောင်းသူအား ပျူစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု

by ဧရာဝတီ
4 July 2022
12.9k

လျော်ကြေး ကျပ်သိန်း ၃၀ ကို ကာယကံရှင် မိသားစုကို ပေးအပ်ခဲ့ ရာတွင် နတ်အင်း ပျုစောထီးအဖွဲ့က ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ငွေကျပ် ၉ သိန်း ဖြတ်ယူခဲ့ပြီးနောက်၂၁ သိန်းသာ လျော် ကြေးပေးခဲ့ကာ ကလေးမိဘနှင့်...

ပြီးခဲ့သည့် နှစ်အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးငယ် တဦး / အောင်ကျော်ထက် / ဧရာဝတီ

၁၂ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူအား ဖမ်းဆီး

by ထက်ခေါင်လင်း
6 July 2020
48k

ကျူးလွန်သူမှာ ပထွေးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဝဏ္ဏ ဖြစ်ပြီး ထိုသူကို သက်ငယ် မုဒိန်းမှု၊ လူခိုးမှု ပုဒ်မတို့ဖြင့် ဖမ်းဆီး အရေး ယူထားကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ကဆိုသည်။

သရုပ်ဆောင် ဖွေးဖွေး / Phway Phway's Facebook

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

by ယုဖြူဟန်
1 July 2019
13.8k

“တရား မျှမျှတတနဲ့ အမှန်ကို အမှန် ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံရမှာပဲလေ။ မခံနိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။

ဒါရိုက်တာ ညိုမင်းလွင် / ဧရာဝတီ

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

by ချစ်ပိုး
1 July 2019
20.7k

“Sex Education သင်ပေးဖို့ မြန်မာနိုင်ငံမှာက အမေနဲ့ သားတို့၊ အဖေနဲ့ သမီးတို့ ခွဲခြားပြီး ကန့်လိုက်တော့ ဒီစကားက အဖေရှေ့မှာ မပြောရဘူးတို့၊ အမေရှေ့မှာ မပြောရဘူးတို့ ပါလာတာပေါ့။

လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်  / အဲမလီ / ဧရာဝတီ

သက်ငယ်မုဒိမ်းမှာ များသောအားဖြင့် ရင်းနှီးတဲ့သူကပဲ လုပ်တာ

by ထက်ခေါင်လင်း
16 July 2020
25.9k

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၏ လူမှုဝန်ထမ်း ဦးစီးဌာနမှ Case Manager ဖြစ်သူ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်ကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Next Post
မန္တလေးမြို့ရှိ ရိုးရာရွှေဆိုင်းလုပ်ငန်းတခု/ / ဒီလှိုင်းဝင်း / ဧရာဝတီ

ရိုးရာရွှေဆိုင်းလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟု လုပ်ငန်းရှင်များပြော

၂၀၁၇ နှစ်ဆန်းပိုင်းက တွေ့ရသော ကချင် ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခု / ဧရာဝတီ

ပြည်တွင်းစစ်၊ လူမျိုးစုရေးရာ အမျိုးသမီးတို့ အခန်းကဏ္ဍ

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate